ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်အဖြစ် မိမိတို့ ဦးဆောင်နေဆဲဟု ပရီးမီးယားလိဂ်၏ အမှုဆောင်ချုပ် ရစ်ချတ်မာစတာစ်ပြောကြား

ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်အဖြစ် မိမိတို့ ဦးဆောင်နေဆဲဟု ပရီးမီးယားလိဂ်၏ အမှုဆောင်ချုပ် ရစ်ချတ်မာစတာစ်ပြောကြား
Photo: Getty Images
Photo: Getty Images
Published 14 August 2021

 

ပရီးမီးယားလိဂ်၏ အမှုဆောင်ချုပ် ရစ်ချတ်မာစတာစ်က မိမိတို့၏ ပြိုင်ပွဲသည် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်အဖြစ် ဆက်လက်ဦးဆောင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံး(၂)ရာသီ၌ ချန်ပီယံအသင်းနှင့် အဆင့်(၅) နေရာမှအသင်းကြား အမှတ်ကွာဟချက်များပြားခဲ့သော်လည်း ယင်းအချက်မှာ ပြဿနာမဟုတ်ဟုလည်း ၎င်းက ဆိုခဲ့သည်။ 

"ပရီးမီးယားလိဂ်က ဥရောပမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပါ။ ဒီအခြေအနေအတိုင်း ဆက်ရှိဖို့ ကျွန်တော်တို့ လိုလားသလို၊ ဆက်ရှိနေတယ်လို့လည်း ယုံကြည်ပါတယ်"ဟု ရစ်ချတ်မာစတာစ် က ပြောကြားခဲ့သည်။

Most Read

Most Recent