လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက် 

လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက် 
Photo: AFP
Photo: AFP
Published 14 August 2021

မာယော့ကာ - ဘက်တစ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၁၂:၀၀ နာရီ)

ဘက်တစ်ကတော့ နည်းပြ ပယ်လီဂရီနီနဲ့ ဒုတိယရာသီမှာ အံဝင်လာဖို့ များနေတယ်။ ဒါပေမဲ့ အဝေးကွင်းမှာ ခံစစ်ကို သတိထားကစားတတ်လို့ အိမ်ရှင် မာယော့ကာ အမှတ်ခွဲယူနိုင်ခွင့်တော့ ရှိတယ်။ ဂိုးအနည်းနဲ့ သရေပွဲလို့ပဲ ထင်တယ်။ 

 

ကာဒစ်ဇ် - လီဗန်တေး (မြန်မာစံတော်ချိန် သြဂုတ်လ ၁၄ ရက် ည ၁၂:၀၀ နာရီ)

ဒီနှစ်သင်းမှာ ကာဒစ်ဇ်က ရာသီအစပိုင်းပွဲတွေဆို အားကောင်းလေ့ရှိပြီး လီဗန်တေးကတော့ ရာသီအစမှာ ရုန်းကန်ရ တာ များတယ်။ အထူးသဖြင့် ကာဒစ်ဇ်ရဲ့ အိမ်ကွင်းအားကို အကောင်းဆုံးအသုံးချနိုင်မှုက အဝေးကွင်းမှာ ရုန်းကန်ရလေ့ရှိတဲ့ လီဗန်တေးကို အခက်အခဲတွေ့စေမှာ သေချာနေတယ်။ ကာဒစ်ဇ်ကိုပဲ ကြိုက်တယ်။ ဂိုးများသွားနိုင်တယ်။ 

 

အလာဗတ်စ် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၅ ရက် နံနက် ၂:၃၀ နာရီ)

အန်ဆယ်လော့တီရဲ့ ရီးယဲလ်မက်ဒရစ်ကလည်း ခြေစမ်းပွဲတွေအရတော့ အရှိန်မရသေးသလိုပါပဲ။ ပြိုင်ပွဲအတွက် အသင့်ဖြစ်နေပုံလည်း မပေါ်သေးဘူး။ ကစားရမှာကလည်း အဝေးကွင်းဆိုတော့ ရီးယဲလ်အတွက် ခက်ခဲမှာသေချာတယ်။ တိုက်စစ်က ဂိုးသွင်းနှုန်း ပုံမှန်မရှိတတ်တဲ့အသင်းဖြစ်လို့ ခုလိုရာသီအစ လူစုံတက်စုံမကစားနိုင်သေးချိန်မှာ အလာဗတ်စ်ရဲ့ အိမ်ကွင်းခံစစ်ကစားနိုင်စွမ်းက ရီးယဲလ်ကို ဂိုးရဖို့ ခက်ခဲစေမှာပါ။ အလာဗတ်စ်ဟာ ပြီးခဲ့တဲ့ရာသီက တန်းမဆင်းရရေး ရုန်းကန်ခဲ့ရပေမဲ့ ရာသီသစ်အတွက် အင်အားဖြည့်တင်းမှု ပြုလုပ်ထားသလို၊ ရာသီအစပိုင်းဆိုရင် အားကောင်းကောင်းနဲ့ ကစားပြတတ်တဲ့အသင်းဖြစ်တယ်။ အထူးသဖြင့် အလာဗတ်စ်ရဲ့ အိမ်ကွင်းမှာ ခံစစ်ပိုင်း ခပ်မာမာကစားနိုင်မှုက ရီးယဲလ် ကျော်ဖြတ်ရမယ့် အဓိကစိန်ခေါ်မှုလိုဖြစ်နေတယ်။ အလာဗတ်စ်ရဲ့တိုက်စစ်က ရီးယဲလ်ခံစစ်အတွက် ပြဿနာမရှိပေမဲ့ ရီးယဲလ်တိုက်စစ် အစွမ်းပြမလား စောင့်ကြည့်ရမယ်။ ဂိုးနည်းနိုင်တဲ့ ဒီပွဲအတွက် အလာဗတ်စ်ကို ရွေးကြည့်ထားချင်တယ်။ 

 

အိုဆာဆူနာ - အက်စ်ပန်ညို (မြန်မာစံတော်ချိန် သြဂုတ်လ ၁၅ ရက် နံနက် ၂:၃၀ နာရီ)

လာလီဂါကို ပြန်ရောက်လာတဲ့ အက်စ်ပန်ညိုက ဒီပွဲမှာ ပိုပြီးတက်ကြွနေနိုင်တယ်။ အိုဆာဆူနာက အိမ်ကွင်းကောင်းတဲ့ အသင်းဖြစ်ပေမဲ့ ရာသီအစဆို အရှိန်ယူနေရတတ်တဲ့ အသင်း ဖြစ်တယ်။ ဒါကြောင့် တန်းတက်လာပြီး စိတ်အားတက်ကြွနေတဲ့ အက်စ်ပန်ညိုနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။ 

Most Read

Most Recent