ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းစာရင်းများကို မကြာမီစစ်ဆေးသွားမည်ဟု နိုင်ငံရေးပါတီများထံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အကြောင်းကြား

ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းစာရင်းများကို မကြာမီစစ်ဆေးသွားမည်ဟု နိုင်ငံရေးပါတီများထံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အကြောင်းကြား
၂၀၂၁ ခုနှစ် မေ ၂၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်
၂၀၂၁ ခုနှစ် မေ ၂၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်
Published 13 August 2021

သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ အကူအညီယူ၍ ပါတီရန်ပုံငွေ၊  ငွေကြေးနှင့် ပစ္စည်းစာရင်းများကို မကြာမီ စစ်ဆေးသွားမည်ဟု နိုင်ငံရေးပါတီများထံ သြ ဂုတ် ၁၂ ရက်နေ့စွဲဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ယင်းသို့ စစ်ဆေးဆောင်ရွက်မည်ဖြစ်ရာ နိုင်ငံရေးပါတီများအနေဖြင့် ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှု ကို စစ်ဆေးခံနိုင်ရေး ပြင်ဆင်ထားရန်နှင့် စစ် ဆေးမည့်နေ့ရက်ကို ထပ်မံအသိပေးမည်ဟု အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိသော နိုင်ငံရေးပါတီများ သည် သတ်မှတ်ချက်နှင့် ကိုက်ညီသော ပါတီ ဝင်ခွင့် လျှောက်ထားသူများအား ပါတီဝင် အသိအမှတ်ပြုလွှာထုတ်ပေးခြင်း၊ ပါတီဝင် များထံမှ ပါတီဝင်ကြေး၊ ပါတီလစဉ်ကြေး  ကောက်ခံခြင်းနှင့် စည်းရုံးခြင်းများကို ဆောင် ရွက်ခွင့်ရှိမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေ ပုဒ်မ ၁၅၊ ၁၆ နှင့် နည်းဥပဒေ ၁၉၊ ၂၁ တို့အရ ပါတီဝင်ကြေးနှင့် ပါတီလစဉ်ကြေး စာရင်း၊ ပြည်တွင်းရှိ နိုင်ငံသား၊ အဖွဲ့အစည်း နှင့် ကုမ္ပဏီများမှ ပါတီသို့ လှူဒါန်းထည့်ဝင် သည့် ငွေကြေးနှင့် ပစ္စည်းစာရင်း၊ ပါတီပိုင်   စီးပွားရေးလုပ်ငန်းများမှ တရားဝင်ရရှိသော ငွေနှင့် အမြတ်အစွန်းရရှိမှု မှတ်တမ်းများကို စနစ်တကျပြုစု၍ အထောက်အထားများ  ထားရှိဆောင်ရွက်ရမည်ဟု ပါတီများထံ ကော် မရှင်၏ အကြောင်းကြားစာတွင် ဖော်ပြပါရှိ သည်။

အလားတူ ပါတီပိုင် ရန်ပုံငွေ၊ ပါတီ၏ ရငွေသုံးငွေစာရင်း၊ ပါတီပိုင်စာရင်း၊ ပါတီက ဝယ်ယူရရှိထားသော ပစ္စည်းစာရင်း၊ ပါတီ စည်းရုံးရေးအတွက် ကျခံသုံးစွဲသော အသုံး စရိတ်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် ပါတီရန်ပုံငွေမှ ကျခံသုံးစွဲ သော ရွေးကောက်ပွဲအသုံးစရိတ်စာရင်းများ လည်း စနစ်တကျပြုစု၍ အထောက်အထား များ ထားရှိဆောင်ရွက်ရမည်ဟု ဖော်ပြထား သည်။

ထို့ပြင် ပါတီများအနေဖြင့် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၇ နှင့် နည်းဥပဒေ ၂၂ အရ နှစ်စဉ် ငွေစာရင်းရှင်း တမ်းအား ဘဏ္ဍာရေးနှစ်အလိုက် ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့်စပ်လျဉ်းသည့် နှစ်ချုပ် စာရင်းနှင့် ယင်းစာရငး်များကို ပါတီတွင်း   စာရင်းစစ်ကော်မတီတစ်ရပ် ထားရှိစစ်ဆေး ခြင်း၊ အတည်ပြုချက်ရယူခြင်းတို့ကို နှစ်စဉ် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး သုံးလအတွင်း ပြီး ပြတ်အောင် ဆောင်ရွက်ထားရှိရန်လည်း ကော်မရှင်၏ အကြောင်းကြားစာတွင် ဖော်ပြ ထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ တည်ဆဲနိုင်ငံရေးပါတီ ၉၃ ပါတီရှိကြောင်း သိရ သည်။

Most Read

Most Recent