ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန်များ ရုတ်သိမ်းမည်ဆိုခြင်းနှင့် ဘဏ် သုံးဘဏ် ပိတ်သိမ်းမည် ဆိုခြင်းမှာ ကောလာဟလသာဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ဗဟိုဘဏ်မှ သိရ

ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန်များ ရုတ်သိမ်းမည်ဆိုခြင်းနှင့် ဘဏ် သုံးဘဏ် ပိတ်သိမ်းမည် ဆိုခြင်းမှာ ကောလာဟလသာဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ဗဟိုဘဏ်မှ သိရ
Published 13 August 2021

ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန်  များရုတ်သိမ်းမည်ဆိုခြင်းနှင့် ဘဏ်များ ပိတ် သိမ်းမည်ဆိုခြင်းမှာ ကောလာဟလသာ ဖြစ် ပြီး ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်  ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ သိရသည်။

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ်မူတည်၍ ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန် ရုတ်သိမ်းမည်ဆိုပြီး၊ ကောလဟာလများနှင့် ဘဏ်များပိတ်သိမ်းမည်ဆိုသည့် သတင်းအမှားများ ထွက်ပေါ်လျက်ရှိကြောင်း ကြားသိရကြောင်း၊ အဆိုပါကော လဟာလသတင်းများကြောင့် ပြည်သူအချို့ စိုးရိမ်ပူပန်ပြီး၊ ဘဏ်များတွင်ငွေများ ထုတ်ယူနေခြင်းများကို ကြားသိနေရကြောင်း သြဂုတ် ၁၃ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆောင် ရွက်မှုများအပေါ် စိုးရိမ်မှုများမရှိဘဲ ယုံကြည်စိတ်ချစွာဖြင့် ဆက်လက်သုံးစွဲနိုင်ပါကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ဘဏ် များသို့လည်း ညွှန်ကြားပြီးဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဘဏ်သုံးဘဏ်ပိတ်သိမ်းမယ်ဆိုပြီး တော့ဖြစ်နေတဲ့ဟာတွေသည် ကောလာဟလသာဖြစ်တယ်။ နိုင်ငံတော်ရဲ့စီးပွားရေး တည်ငြိမ်အောင်လုပ်နေတာတွေ ဘဏ်တွေ ကနေ စည်းကမ်းနဲ့အညီ စည်းကမ်းဘောင် တွေနဲ့အညီ အလုပ်လုပ်နေတာတွေကို အ နှောက်အယှက်ပေးဖို့သက်သက်လုပ်တာ ဖြစ်သလို ရောဂါကူးစက်မှုတွေ သေကြေမှု တွေနဲ့ စိတ်ဒုက္ခများနေတဲ့ပြည်သူလူထုကို ထပ်ပြီးတော့ ဒုက္ခနှစ်ခုဖြစ်အောင်လုပ်နေတဲ့ သတင်းပဲဖြစ်ပါတယ်။ဗဟိုဘဏ်အနေနဲ့ လက်ရှိအခြေအနေမှာ မည်သည့်ဘဏ်ကို မျှ အရေးယူဖို့လည်း မရှိပါဘူး၊ပိတ်သိမ်းဖို့ လည်း မရှိပါဘူး” ဟု မြန်မာနိုင်ငံတော်ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌဦးဝင်းသော်က ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး၊ ဘဏ် များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ  ခိုင်မာစွာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

COVID-19 ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် သြဂုတ် ၁၆ မှ ၂၂ ရက်အထိ ဘဏ်များ၊ ရုံးများ၊ ကျောင်းများ ပိတ်ထား မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ထုတ်ပြန်လိုက်သည်။

လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း များအက်ဥပဒေအရ ၂၀၂၁ ခုနှစ် သြဂုတ် ၁၆ မှ၂၀ ရက်အထိအများပြည်သူရုံးပိတ် ရက်ဖြစ်သဖြင့် ၎င်းင်းရက်များတွင် ဘဏ်များ အားလုံးပိတ်ထားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန် ထားသည်။

“အစိုးရရုံးပိတ်ရက်က တောက် လျှောက်ပိတ်လာတာမှာ ဘဏ်တွေမပါခဲ့ပါ ဘူး။အများပြည်သူ ရုံးပိတ်ရက်ဆိုတာ အ ကုန်ပါတယ်။ ဒါပေမဲ့ ဗဟိုဘဏ်နဲ့ ဘဏ်တွေ  ကျန်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ ကိုဗစ် -၁၉ ရောဂါခံစားနေရချိန်မှာ လိုအပ်တဲ့ ဆေးဝါးတွေ ပစ္စည်းတွေ တင်သွင်းရလွယ် ကူအောင်ရယ်၊ နဂိုကမှစီးပွားရေးမကောင်း ရတဲ့အထဲမှာ လိုအပ်တာတွေလုပ်လို့ရ အောင်ဆိုပြီး ဘဏ်တွေကတော့ ဖွင့်ပေးပါ ဆိုပြီး ချွင်းချက်အနေနဲ့ ဗဟိုဘဏ်အပါအ ဝင် ဘဏ်တွေ ရုံးတက်ခဲ့ရတာ။ အခုသော ကြာဆိုရင် သုံးပတ်ရှိပြီ။ ကိုဗစ်ရောဂါပြန့် ပွားမှုကို ထိန်းချုပ်ဖို့ ရုံးပိတ်ရက်ကို ဆက် တိုက်ပိတ်ခဲ့တာ။ အဲဒီအတွက်ကြောင့်မို့ ရောဂါပြန့်ပွားမှုက ဆက်တိုက်ကျဆင်းလာ တယ်။ သို့သော် ဗဟိုဘဏ်နဲ့ဘဏ်တွေက မ ပိတ်ရတဲ့အတွက်ကြောင့် ဒီအဖွဲ့တွေထဲမှာ  ကူးစက်မှုတွေရှိလာတယ်။ အဲဒီအတွက် အများပြည်သူရုံးပိတ်ရက်မှာ အများပြည် သူ အတိုင်းပဲ နားရက်မှာ ဝင်နားတာဖြစ်ပါ တယ်။ မနားခဲ့တဲ့အကြောင်း ကုန်စည်စီး ဆင်းမှု မပျက်ဖို့ရယ်၊ လိုအပ်တဲ့ပစ္စည်းတွေ သွင်းတဲ့အခါ အခက်အခဲမရှိအောင်ရယ်ဆို ပြီး ဘဏ်တွေက ဖွင့်ပေးထားတာ။ အခုက တော့ သုံးပတ်ဆက်တိုက်မနားဘဲ လုပ်လာ ရတဲ့ဗဟိုဘဏ်အပါအဝင် ဘဏ်တွေကို ဒီ တပတ်တော့ နားမယ်ဆိုပြီး နိုင်ငံတော်က နားခွင့်ပေးတာပါ”ဟု ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

Most Read

Most Recent