၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သုံးလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ချုုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၈၇၁ သန်းကျော်သာရရှိပြီး ယခင်နှစ်ကာလတူထက် ၂၅ ရာခိုင်နှုန်းကျော် လျော့ကျ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သုံးလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ချုုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၈၇၁ သန်းကျော်သာရရှိပြီး ယခင်နှစ်ကာလတူထက် ၂၅ ရာခိုင်နှုန်းကျော် လျော့ကျ
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုအားမြင်တွေ့ရစဉ်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုအားမြင်တွေ့ရစဉ်
Published 11 August 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ သုံးလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတဆင့် ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၈၇၁ သန်းကျော်သာ ရရှိပြီး ယခင်နှစ်ကာလတူထက် ၂၅ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ သုံးလအတွင်း ပြည်ပသို့  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၈၇၁ ဒသမ ၇၆ သန်း ရရှိခဲ့သည်။ ယခင်နှစ်ကာလတူက ဒေါ်လာ ၁၁၆၄ ဒသမ ၇၃ သန်း ရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သုံးလအတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ ချုပ်ပြီး အထည်တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် တန်ဖိုးအားဖြင့် ဒေါ်လာ၂၉၂ ဒသမ ၉၇ သန်း၊ ရာခိုင်နှုန်းအားဖြင့်  ၂၅ ဒသမ ၁၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါး ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့မှ CMP စနစ်ဖြင့် အော်ဒါအဓိက မှာယူနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် အထည်ချုပ် (ချုပ်ပြီး အထည်) အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းကို လေ့လာကြည့်ပါက အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဒေါ်လာသန်း ၉၃၀၊ ယူကေသို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ ပြင်သစ်နိုင်ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ ဒိန်းမတ်နိုင်ငံသို့ ဒေါ်လာ ၁၅၈ သန်း၊ အီတလီသို့ ဒေါ်လာ ၁၅၇ သန်း၊ နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်းအထိ တင်ပို့ထားခြင်းဖြစ်သည်။

အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံအနက် ဂျပန်နိုင်ငံသို့ဒေါ်လာ ၈၃၄ သန်း၊ ကိုရီးယားသို့ဒေါ်လာ ၃၉၉ သန်း၊ အမေရိကန်နိုင်ငံသို့ ဒေါ်လာ ၂၁၁ သန်းအထိ တင်ပို့ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှုတွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်းစသည်တို့အနက် CMP စနစ်ဖြင့် အထည်ချုပ်တင်ပို့မှုမှာ ပြည်ပတင်ပို့မှုအများဆုံးဖြစ်ပြီး ငါးနှစ်အတွင်း လေးဆကျော် တိုးမြှင့်တင်ပို့ထားသည်။ အထည်ချုပ် (ချုပ်ပြီးအထည်) သည် ပို့ကုန်ကဏ္ဍ၌ အတိုးတက်ဆုံးဖြစ်ခဲ့သည်။

CMP စက်ရုံများနှင့်ကုမ္ပဏီများ CMP ကုန်ကြမ်း/ကုန်ချော တင်သွင်းတင်ပို့ရာတွင် အကောက်ခွန်ဦးစီးဌာနမှ ဖြေလျှော့ထားသည့် လုပ်ငန်းစဉ်များကို  မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

Mingalardon Cargo Services (MCS) မှ တင်ပို့မည့် CMP ပို့ကုန်များ၏ Sample ပစ္စည်းများကို Mingalardon Cargo Services (MCS) အကောက်ခွန်ထံတွင်သာ ဆောင်ရွက်ပေးမည်ဖြစ်သည်။

CMP ကုန်ကြမ်း/ကုန်ချောများ တင်သွင်း/တင်ပို့ရာတွင် ပိုမိုစေရေးအတွက် အကောက်ခွန်ဦးစီးဌာနက ယင်းသို့ ဖြေလျှော့ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent