ရီကီပွတ်အတွက် အချိန်နဲ့ နေရာ

ရီကီပွတ်အတွက် အချိန်နဲ့ နေရာ
Photos: Getty Images
Photos: Getty Images
Published 8 August 2021

ဘာစီလိုနာမှာ ဂွါဒီယိုလာရှိစဉ်တုန်းက ရီကီပွတ်က အရမ်းငယ်သေးတယ်။ နူးကမ့်ကနေ ဂွါဒီယိုလာ နှုတ်ဆက်သွားချိန် မှာ ပွတ်ရဲ့အသက်က အလွန်ဆုံးရှိ (၁၃/၁၄)နှစ်လောက်ပဲ ရှိဦး မယ်။ ဒါပေမဲ့ ဒီကစားသမားလေးအပေါ်  ဂွါဒီယိုလာက သံယော ဇဉ်ရှိတယ်။ ပြီးခဲ့တဲ့ရာသီကုန်ဆုံးချိန်မှာ ပွတ်ရဲ့အနာဂတ် မရေရာမှုတွေ ကြားလာရချိန် ဂွါဒီယိုလာက သူ့ကို အသင်းမှာပဲ ဆက်ကစားဖို့၊ အခွင့်အရေးစောင့်ဆိုင်းဖို့ အကြံပေးခဲ့တယ်။ " အင်နီယေစတာဆိုရင် (၂၄)နှစ်အထိ ပွဲထွက်ခွင့်မရခဲ့ဘူး။ လူတွေက ဘာစီလိုနာမှာ ကစားရတာ၊ နည်းပြလုပ်ရတာ လွယ်ကူတယ်လို့ ထင်နေကြတယ်။ အရာရာတိုင်းမှာ သူ့အခက်အခဲနဲ့သူပါ။ ပွတ် က သန်မာတဲ့ကောင်လေးဖြစ်ပြီး အရည်အချင်းလည်း ရှိတယ်။ ဇွဲကောင်းဖို့ပဲလိုတာပါ။ ဘောလုံးမှာ စိတ်ရှည်ပြီး ကြိုးစားတဲ့သူအတွက် အမြဲတမ်းအခွင့်အရေးရှိပါတယ်"လို့ ကတ်တလန်ရေဒီယိုနဲ့ တွေ့ဆုံရာမှာ ဂွါဒီယိုလာက မှတ်ချက်ပေးခဲ့တာပါ။

 

Most Read

Most Recent