ဒီရာသီမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘယ်နာမည်ကျော်ကစားသမားကိုမှ မခေါ်ခင်မှာ ထိပ်တန်းကစားသမားတွေကို ဆုံး ရှုံးဖို့ ဖြစ်လာခဲ့ပြီ။ သူတို့က ရာမို့စ်ကို ဆုံးရှုံးခဲ့ပြီး ဖြစ်သလို၊ မကြာခင်မှာ အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ဗာရန်းကိုလည်း ဆုံးရှုံးဖို့ များနေပြီ။ ဇီဒန်းက ဒါတွေကို ကြိုသိခဲ့လို့လည်း အသင်းကထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ပီရက်ဇ်က လာမယ့်နှစ်တွေကို ကစားသမားခေါ်ယူဖို့ထက် အသင်းမှာ ရှိနေတဲ့သူတွေနဲ့ အငှားချထားတဲ့ ကစားသမားတွေကို ပေါင်းစပ်ပြီး အသင်းကို ထိန်းသွားဖို့ပဲ လုပ်တော့မယ်လို့ ယူဆရတယ်။ ပြီးခဲ့တဲ့ (၂)နှစ်လုံးလုံး ဒီမော်ဒယ်အ တိုင်းပဲသွားခဲ့ပြီး ဒါဟာ အလုပ်ဖြစ်ခဲ့တယ်ဆို တာတော့ သေချာတယ်။ အထူးသဖြင့် ဘာစီလိုနာအသင်း ဒုက္ခပင်လယ်ဝေနေချိန်မှာ ရီးယဲလ်က ဒီလောက်အထိ တောင့်ခံနိုင််ခဲ့တာက ချိန်သားကိုက်တဲ့ ရောင်းထုတ်မှု၊ အငှားချမှုတွေ ကြောင့်ဖြစ်နေတယ်။
ဇီဒန်းထွက်သွားခြင်းအတွက် ပီရက်ဇ်က ကျေနပ်ပါတယ်။ ဇီဒန်းက ကလပ်အသင်းအပေါ် ကျေးဇူးတွေရှိတာ သူသိတယ်။ ရှိတဲ့လူနဲ့ အဆင်ပြေအောင် အလုပ်လုပ်ခဲ့တယ်။ လူမခေါ်တဲ့ ရာသီတွေအတွက် စောဒကမတက်ဘဲ အဆင်ပြေအောင် ကြိုးစားပေးခဲ့တယ်။ ဒါပေမဲ့ လူမခေါ်တဲ့အပြင် နောက်ထပ်ဆုံးရှုံးမှုတွေပါ ဆက်ရှိလာတော့မယ့် အချိန်မှာတော့ ဇီဒန်းက ဆက်မနေတော့ဘူး။ ဒီအချိန်မှာ ပီရက်ဇ်ရွေးချယ်ခဲ့တဲ့ နည်းပြက အန်ဆယ်လော့တီဖြစ်ပြီး ထိပ်တန်းအဆင့် နည်းပြတွေအားလုံးထဲမှာ ဂဂျီဂဂျောင်အနည်းဆုံး၊ အသင်းပိုင်ရှင်တွေအကြိုက် အဆင်ပြေအောင် အနေတတ်ဆုံးနည်းပြလို့ နာမည်ကြီးသူဖြစ်တယ်။ ရီးယဲလ်ပရိသတ်တွေအ တွက်လည်း ဇီဒန်းနေရာမှာ အန်ဆယ်လော့တီကို ပြန်ရခြင်းက ပီရက်ဇ်အပေါ် အပြစ်ဆိုလို့မရတဲ့ အနေအထားဖြစ်သွားတယ်။
ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ ခြားနားတဲ့ ခြေလှမ်းများ (၂)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago