ရောမမြို့ကြီးကို လင်းလက်စေမှာလား မော်ရင်ဟို

ရောမမြို့ကြီးကို လင်းလက်စေမှာလား မော်ရင်ဟို
Photos: Roma Twitter
Photos: Roma Twitter
Published 25 July 2021

လွန်ခဲ့တဲ့(၁၀)နှစ်ခန့် ၂၀၀၈ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့မှာ အီတလီစီးရီးအေက ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းဆီ မော်ရင်ဟိုဆိုတဲ့ အဲဒီအချိန်ကနာမည်ကြီး လျှမ်း လျှမ်းတောက်နေတဲ့ နည်းပြတစ်ယောက်ရောက် လာခဲ့တယ်။ မော်ရင်ဟိုလက်ထဲမှာ အင်တာမီလန် အသင်း စီးရီးအေချန်ပီယံဆုကို နှစ်ရာသီဆက် (၂၀၀၈-၀၉၊၂၀၀၉-၁၀)ရခဲ့တယ်။ အင်တာမီလန် အတွက် အမြင့်ဆုံးအောင်မြင်မှုဖြစ်တဲ့ ချန်ပီယံ လိဂ်ချန်ပီယံဆုကိုလည်း မော်ရင်ဟိုက ၂၀၀၉-၁၀ ရာသီမှာရယူပေးနိုင်ခဲ့တယ်။ အင်တာအတွက် ချန်ပီယံလိဂ်မှာ ဒုတိယအကြိမ်နဲ့ နောက်ဆုံး အောင်မြင်မှုဖြစ်ခဲ့သလို မော်ရင်ဟိုအတွက်လည်း ချန်ပီယံလိဂ်မှာ ဒုတိယအကြိမ်နဲ့ နောက်ဆုံး အောင်မြင်မှုလည်းဖြစ်ခဲ့တယ်။ အင်တာကိုချန်ပီ ယံလိဂ်အရှင်သခင်ဖြစ်စေခဲ့ပြီးတဲ့နောက် ၂၀၁၀ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့မှာတော့ မော်ရင်ဟိုနဲ့အင်တာလမ်းခွဲခဲ့ကြတယ်။ မော်ရင်ဟိုတစ်ယောက် အင်တာကနေ ရီးယဲလ်မက်ဒရစ်ဆီ ခရီးဆက်ခဲ့ တယ်။ အဲဒီနောက်မှာတော့ မော်ရင်ဟိုဆိုတဲ့နည်း ပြတစ်ယောက်ဆီက အရှိန်အဝါတွေလည်း တဖြည်းဖြည်းအကျဘက်ကိုပြခဲ့တယ်။ ဒါပေမဲ့ မော် ရင်ဟိုဟာ သူ့ရဲ့အစဉ်အလာလို့လို့ပဲဆိုရမလား၊ စွမ်းဆောင်နိုင်စွမ်းလို့ပဲဆိုရမလား သူရောက်တဲ့ အသင်းတိုင်းအတွက် ဆုဖလားအနည်းဆုံးတစ် လုံးတော့ရအောင် ယူပြနိုင်လေ့ရှိတယ်ဆိုတာကို မန်ယူအသင်းအထိတော့ ထိန်းထားနိုင်ခဲ့တယ်။ သူနောက်ဆုံးတာဝန်ယူခဲ့တဲ့ စပါးအသင်းမှာတော့ သူ့အစဉ်အလာကျိုးပျက်ခဲ့တယ်။ စပါးအသင်းကို လိဂ်ဖလား ဗိုလ်လုပွဲအထိရောက်အောင် ပို့ပေး နိုင်ခဲ့ပေမဲ့ ဗိုလ်လုပွဲမကစားမီ သူနဲ့စပါးအသင်း လမ်းခွဲခဲ့ရလို့ တမင်တကာများ သူ့ရဲ့အစဉ်အလာ တွေကိုဖျက်ဆီးခဲ့တာများလားလို့တောင် ထင်စ ရာကောင်းခဲ့တယ်။ စပါးအသင်းက ထွက်ခဲ့ရတဲ့ မော်ရင်ဟိုဟာ အခုတော့ ရိုးမားကိုတာဝန်ယူဖို့ ဖြစ်လာခဲ့တယ်။ (၁၀)နှစ်ကျော်လောက်ဝေးနေ တဲ့ အီတလီမြေကိုမော်ရင်ဟို ပြန်ခြေချဖို့ရွေးချယ်ခဲ့တယ်။