ကချင်၊ ကယားနှင့် ကရင်ပြည်နယ်တို့၏ ရွေးကောက်ပွဲရလဒ်များကို ဥပဒေနှင့်အညီ ပယ်ဖျက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်

ကချင်၊ ကယားနှင့် ကရင်ပြည်နယ်တို့၏ ရွေးကောက်ပွဲရလဒ်များကို ဥပဒေနှင့်အညီ ပယ်ဖျက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်
Published 24 July 2021

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် မြို့နယ် ၁၈ မြို့နယ်၊ ကယားပြည်နယ် မြို့နယ် ခုနစ်မြို့နယ်နှင့် ကရင်ပြည်နယ် မြို့နယ် ခုနစ်မြို့နယ်တို့၏ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်တို့အတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ပြည် နယ်များအတွင်း တိုင်းရင်သားလူမျိုးလွှတ် တော်ကိုယ်စားလှယ်များ ရွေးကောက်တင် မြှောက်ခဲ့ သော ရွေးကောက်ပွဲရလဒ်များကို ဥပဒေနှင့်အညီ ပယ်ဖျက်နိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဇူလိုင် ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ မြို့နယ် တွင် ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ် ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှ ၁၁၅၀၄၀၇ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့် နှစ်၊ နိုဝင်ဘာ စာရင်းအရ အသက် ၁၈ နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၇၅၅၈၀၇ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ၉၂၄၅၂ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်နေ သူ ၇၆၃၃ ဦး၊ နှစ်ကြိမ်ပါဝင်နေသူ ၁၀၂၈၇၆ ဦး၊ ပြည်နယ်အတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check) အရ မဲစာရင်းထပ်နေသူ ၆၀၅၉၀ ဦး၊ မဲစာ ရင်းတွင် အသက် ၁၀၀ နှစ်အထက် ပါဝင်နေ သူ ၆၇၉ ဦးနှင့် ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် အသက် ၁၈ နှစ်မပြည့်ဘဲ မဲစာရင်း တွင် ပါဝင်နေသူ ၄၉၇ ဦးဖြစ်ကြောင်း စိစစ် တွေ့ရှိရသည်ဟု ကော်မရှင်၏ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ကယားပြည်နယ်ရှိ မြို့နယ် ခုနစ်မြို့ နယ်တွင် ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၂၁၂၉၁၆ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ စာရင်းအရ အ သက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များမှာ ၂၁၄၀၇၄ ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်မရှိသူ ၅၅၅၂ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ် နှင့်အထက် ပါဝင်နေသူ ၉၃၀ ဦး၊ နှစ်ကြိမ် ပါဝင်နေသူ ၁၆၆၈၀ ဦး၊ ပြည်နယ်အတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေး ခြင်း (Cross Check) အရ မဲစာရင်းထပ်နေသူ ၅၉၁၂ ဦး၊ မဲစာရင်းတွင် အသက် ၁၀၀ နှစ် အထက်ပါဝင်နေသူ ၂၃၈ ဦးနှင့် ရွေးကောက် ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၄၄ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ကော်မ ရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ကရင်ပြည်နယ်ရှိ မြို့နယ်ခုနစ်မြို့နယ် တွင် ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၁၂၃၆၈၃၈ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များမှာ ၁၀၄၇၈၆၅ ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်မရှိသူ ၂၄၁၉၅၃ ဦး၊ နိုင်ငံသားစိစစ် ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၁၅၂၅၈ ဦး၊ နှစ်ကြိမ်ပါဝင်နေသူ ၁၂၈၂၃၀ ဦး၊ ပြည်နယ် အတွင်း မြို့နယ်အချင်းချင်း အပြန်အလှန် စစ်ဆေးခြင်း (Cross Check) အရ မဲစာရင်း ထပ်နေသူ ၁၅၂၉၄ ဦး၊ မဲစာရင်းတွင် အ သက် ၁၀၀ နှစ်အထက် ပါဝင်နေသူ ၉၁၇ ဦး နှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူ၈၂၂ ဦးဖြစ်ကြောင်း စိစစ်တွေ့ရှိ ရသည်ဟု ကော်မရှင်၏ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပြည်နယ်သုံးခုတွင် မဲရုံပေါင်း ၂၀၀၄ ရုံ၊ စုစုပေါင်းထုတ်ယူရရှိခဲ့သော ဆန္ဒ မဲလက်မှတ်အရေအတွက် ၂၉၀၆၁၂၁ ၊ အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်အရေ အ တွက် ၁၅၆၆၀၂၁ ရှိပြီး ကျန်ရှိရမည့် မဲလက် မှတ်အရေအတွက် ၁၃၄၀၁၀၀ ၊ မြေပြင် လက်ကျန် ၁၂၆၆၁၉၄ ဖြစ်ကာ ကွာခြားချက် အနေဖြင့် ပျောက်ဆုံးနေသော ဆန္ဒမဲလက် မှတ် ၈၄၁၈၉ နှင့် အပိုတွေ့ရှိရသော ဆန္ဒမဲ လက်မှတ် ၁၀၂၈၃ ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ် ပြန်သည်။

မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့်အခါ တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ မဲဆန္ဒ ရှင်များ မဲပေးခွင့်ရရှိရေးအတွက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၁၉ ရက်တွင် ညွှန် ကြားချက် ထုတ်ပြန်၍ ဆောင်ရွက်ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသားစိစစ်ရေးကတ် စိစစ်မှု မပြုနိုင်သော မဲဆန္ဒရှင် သက်သေခံလက် မှတ်များဖြင့် မဲပေးခဲ့ခြင်းကြောင့် သက် ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ နှင့် ညီညွတ်မှုမရှိသော နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများ မဲပေးခွင့်ပြုခဲ့ခြင်း၊ နိုင်ငံ သားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် နှစ် ကြိမ်၊ သုံးကြိမ်နှင့်အထက် မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့်ရရှိခဲ့ကြသဖြင့် သက် ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန် ဖောက်ဖျက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟု ကော်မရှင်က သတင်းထုတ်ပြန်သည်။ 

ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံး ပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ်တံဆိပ်တုံးများ နှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် UEC တံဆိပ်မပါရှိသည့် အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များကို တွေ့ ရှိပါကလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ညွှန်ကြားခဲ့ခြင်းသည် မဲရေ တွက်မှုများတွင် ရှုပ်ထွေးမှုများကို ဖြစ်ပေါ် စေခဲ့သဖြင့် မဲရလဒ်များ မှန်ကန်မျှတမှု မရှိ ကြောင်း စိစစ်တွေ့ရှိရသည်ဟု ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဲစာရင်းများ အရေအတွက်များပြားစွာ မဲရုံတိုင်း၌ မှားယွင်းမှုများ ဖြစ်ပေါ်ရခြင်း သည် မတော်တဆဖြစ်ပေါ်ခဲ့ သော မှားယွင်း မှုမျိုးမဟုတ်ဘဲ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ကော်မရှင်က သတင်းထုတ်ပြန်သည်။

NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးအာဏာကို အသုံးပြု၍ ကန့် သတ်ထိန်းချုပ်မှုများ ပြုလုပ်ကာ နိုင်ငံတော် အာဏာကို မတရားရယူနိုင်ရန် ကြိုတင်ကြံ စည် ဆောင်ရွက်ခဲ့ခြင်း၊ ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ ဥပဒေ၊ နည်းဥပဒေများ ကို ကျော်လွန်ဖောက်ဖျက်ဆောင်ရွက်ခဲ့ ကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။

ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့၏ အထွေထွေရွေး ကောက်ပွဲသည် အထက်ပါ စစ်ဆေး တွေ့ရှိ ချက်များအရ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီ ညွတ်မှု မရှိသည်ကို စိစစ်တွေ့ရှိရသည့် အပြင် လွတ်လပ်၍ တရားမျှတမှု မရှိ ကြောင်း ပေါ်လွင်ထင်ရှားသည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

Most Read

Most Recent