ရီးယဲလ်နောက်ခံလူသစ် အလာဘာက ရာမို့စ်၏ကျောနံပါတ် (၄)ဂျာစီအား ဝတ်ဆင်ရန် ရွေးချယ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
အသက် (၂၉)နှစ်အရွယ်ရှိ ဩစတြီးယား နောက်ခံလူ အလာဘာသည် ရီးယဲလ်အသင်းတွင် ရာမို့စ် ထွက်ခွာသွားပြီးနောက် လစ်လပ်နေသည့် ကျောနံပါတ် (၄)ဂျာစီကို ဝတ်ဆင်ကစားရန် ရွေးချယ်ခဲ့ကြောင်း သိရသည်။
အလာဘာက မိမိအနေဖြင့် ရာမို့စ်၏ ကျောနံပါတ် (၄)ဂျာစီကို ဝတ်ဆင်ရန် ရွေးချယ်ခဲ့ခြင်းမှာ ရာမို့စ်နှင့် နှိုင်းယှဉ်လို၍ မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အလာဘာက "အသင်းမှာ ဝတ်ဆင်ရမယ့်နံပါတ်နဲ့ပတ်သက်လို့ တာဝန်ရှိသူတွေနဲ့ ကျွန်တော် တိုင်ပင်ခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို ကျောနံပါတ် (၄) ဝတ်စေချင်တယ်လို့ ကမ်းလှမ်းခဲ့တာကြောင့် ကျွန်တော် လက်ခံခဲ့တာပါ။ ကျောနံပါတ်(၄)ဟာ ရီးယဲလ်အသင်းအတွက် ဘယ်လိုအဓိပ္ပာယ်ရှိတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဒီနံပါတ်ကိုဝတ်ဆင်တာဟာ တခြားလူတွေနဲ့ နှိုင်းယှဉ်ဖို့မဟုတ်ပါဘူး။ ကျွန်တော်က အလာဘာပါပဲ"ဟု ပြောကြားခဲ့သည်။
အလာဘာသည် ရီးယဲလ်အသင်းသည် ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်လစာ (၁၂)သန်း ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။