ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့သာ အုပ်စု ပထမနေရာတွေ ရယူနိုင်ခဲ့ရင် ဆီမီးဖိုင်နယ်အထိ ဆုံတွေ့ရဖို့မရှိဘဲ နောက်ဆုံးဗိုလ်လုပွဲမှသာ ဆုံ တွေ့ရမယ့်အနေအထားဖြစ်နေပါတယ်။ ဒါက တောင်အမေရိကထိပ်သီးနှစ်သင်းရဲ့ ပွဲစဉ်လမ်း ကြောင်းကို သီးသန့်သုံးသပ်ကြည့်တာဖြစ်ပြီး လောလောဆယ် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတာကတော့ စပိန်အသင်းပါ။ စပိန်အသင်းမှာ ယူရိုပြိုင်ပွဲဝင်အသင်းက လူငယ်ကစားသမားတွေ အတော်များများ ပါဝင်လာတာကြောင့်လည်း အခုလို အထင်ကြီးခံနေရတာဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲမှာ အကောင်းဆုံး လူငယ်ကစားသမားဆုရရှိခဲ့တဲ့ ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီအပါအဝင် ယူရိုပြိုင်ပွဲဝင်အသင်းက ကစားသမား (၆)ဦး အထိ ပါဝင်ခဲ့တာ ဖြစ်ပြီး အသက်လွန်ကစားသမား(၃)ဦးကလည်း အဆန်စီယို၊ မယ်ရီနို၊ စီဘယ်ယော့စ်တို့လို ကစားသမားတွေဖြစ်တာကြောင့် စပိန်အသင်းက နုပျိုမှုစွမ်းအားကို ကောင်းကောင်း အသုံးချနိုင်မယ့် အခြေအနေမှာလည်း ရှိနေပါ တယ်။ ဘရာဇီးလ်အသင်းကိုတော့ ဘာစီလိုနာနောက်ခံလူဟောင်း အဲလ်ဗတ်စ်က ဦးဆောင်မှာဖြစ်ပြီး ရစ်ချာလီဆန်၊ မာတင်နယ်လီ တို့လို ပရီးမီးယားလိဂ်ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ အများစုက ပြည်တွင်းဖြစ်ကစားသမားတွေ ဖြစ်တာကြောင့် ပရိသတ်နဲ့စိမ်းနေပြီး အိုလံပစ် ပြိုင်ပွဲမှာမှ ပရိသတ်ရဲ့ရင်ထဲ တိုးဝင်လာဖို့လည်း ရှိနေပါတယ်။
လူငယ်တွေရဲ့ ရွှေအိပ်မက်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago