ဟာရီကိန်းနှင့် ဂရီးလစ်ရှ်တို့ကို ခေါ်ယူရန်အတွက်  ကစားသမား အများအပြားကို ရောင်းထုတ်ကာ မန်စီးတီးအသင်း ငွေရှာဖွယ်ရှိ

ဟာရီကိန်းနှင့် ဂရီးလစ်ရှ်တို့ကို ခေါ်ယူရန်အတွက်  ကစားသမား အများအပြားကို ရောင်းထုတ်ကာ မန်စီးတီးအသင်း ငွေရှာဖွယ်ရှိ
Photo: Mirror
Photo: Mirror
Published 19 July 2021

မန်စီးတီးအသင်းသည်  ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း စပါးတိုက်စစ်မှူး ဟာရီကိန်းနှင့်ဗီလာကွင်းလယ်လူဂရီးလစ်ရှ်တို့ကို ဝယ်ယူရန်အတွက် အသင်းရှိကစားသမားအများအပြားကို ရောင်းထုတ်ကာ ငွေရှာဖွယ်ရှိနေကြောင်း သိရသည်။

မန်စီးတီးအသင်းသည် မူလက အသင်းနှင့်လမ်းခွဲရန်ဆန္ဒရှိနေသော အင်္ဂလန်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမားစတာလင်အား ရောင်းချကာငွေရှာမည်ဟု သတင်းများထွက် ပေါ်ခဲ့ပြီး ယခုအခါအသင်းမှ အခြားသော ကစားသမားများ၏ အမည်စာရင်းလည်း ထွက်ပေါ်လာခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် ဟာရီကိန်းနှင့်ဂရီးလစ်ရှ်တို့ကို ခေါ်ယူရာ၌ နှစ်ဦးပေါင်း ပြောင်းရွှေ့ကြေးပေါင်သန်း(၂၀၀)အထက် ကုန်ကျနိိုင်ပြီး ယင်းငွေကြေးပမာဏရရှိရန်အတွက် စတာလင်နှင့်အတူ စပိန်နောက်ခံလူ လာပေါ့တ်၊ ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူး၊ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားတို့အား ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ဘီလ်ဘာအိုနောက်ခံလူဟောင်း လာပေါ့တ်သည် လာလီဂါပြိုင်ပွဲ၌ ပြန်လည်ကစားလိုသည်ဟု ဝန်ခံထားသူဖြစ်ပြီး၊ ဂျေးဇူးကိုမူ စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။

မန်စီးတီးအသင်းသည် အထက်ပါအသင်းကြီးမှ စီနီယာကစားသမားများအပြင် ပြီးခဲ့သည့်ရာသီက အခြားအသင်းများသို့ အငှားသွားကစားပြီး ပြန်လည်ရောက်ရှိလာသည့်  ပတ်ဒရိုပေါ်ရို၊ ယန်ဂယ်ဟားရားရား၊ အိုင်ဗန်အိုင်လစ်အစရှိသည့် ကစားသမားများကိုလည်း အပြီးသတ် ရောင်းချရန် စီစဉ်ကြောင်း သိရသည်။  

Most Read

Most Recent