အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို အနားယူချိန်အထိ သက်တမ်းတိုးရန် လီဗာပူးလ် စီစဉ်

အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို အနားယူချိန်အထိ သက်တမ်းတိုးရန် လီဗာပူးလ် စီစဉ်
Photo: Getty Images
Photo: Getty Images
Published 19 July 2021

လီဗာပူးလ်အသင်းသည် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ကစားသမားဘဝမှ အနားယူချိန်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

ဟန်ဒါဆန်(၃၁ နှစ်)သည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း(၂)နှစ် ကျန်ရှိနေသေးသော်လည်း လီဗာပူးလ်အသင်းက သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။

ဟန်ဒါဆန်သည် ၂၀၁၁ ခုနှစ်တွင် ဆန်းဒါးလန်းအသင်းမှ လီဗာပူးလ်အသင်းထံသို့ ပေါင်(၁၆)သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဟန်ဒါဆန်သည် ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့က လီဗာပူးလ်ကစားသမားဘဝ (၁၀)နှစ်ပြည့်မြောက်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့တွင် လီဗာပူးလ်အသင်းက အမှတ်တရအဖြစ် Twitter ၌ ဂုဏ်ပြုဖော်ပြမှုလည်း ပြုလုပ်ခဲ့သည်။

ဟန်ဒါဆန်သည် ဂန္ထဝင်ကွင်းလယ်လူ ဂျရတ် မရှိတော့သည့်နောက် လီဗာပူးလ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသူဖြစ်သည်။

လီဗာပူးလ်အသင်းသည် ဟန်ဒါဆန်ကို နှစ်ရှည်စာချုပ်ဖြင့် သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ပြီး အနည်းဆုံး(၅)နှစ်စာချုပ် ဖြစ်ဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။

ထို့ပြင် လီဗာပူးလ်အသင်းသည် ဟန်ဒါဆန်ကိုသာမက ဗန်ဒိုက်၊ ဆာလာ၊ အယ်လစ်ဆန်တို့ကိုလည်း သက်တမ်းတိုးစာချုပ်များ ချုပ်ဆိုသွားရန် စီစဉ်နေကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ကွင်းလယ်ကစားသမား ၀ိုင်နယ်လ်ဒမ်းကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဆုံးရှုံးခဲ့ရခြင်းကြောင့် ယင်းကဲ့သို့ထပ်မဖြစ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent