မန်စီးတီးအသင်းသည် ဗီလာအသင်း၏ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဂရီးလစ်ရှ်အားခေါ်ယူနိုင်ရန် ဗြိတိန်စံချိန်တင်ကြေးဖြင့် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် အင်္ဂလန်ကလပ်အသင်းများထဲ၌ ပြောင်းရွှေ့ကြေးစံချိန်တင် ထားသူမှာ မန်ယူကွင်းလယ်လူ ပေါ့ဘာဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်စ် အသင်းထံမှ ပြောင်းရွှေ့ကြေး ပေါင် (၈၉)သန်းဖြင့် ခေါ်ယူထားခြင်းဖြစ်ကာ ထိုစဉ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ကြေး ဖြစ်ခဲ့သည်။
ယခုအခါ ဂရီးလစ်ရှ် အား ခေါ်ယူနိုင်ရန် မန်စီးတီးအသင်းသည်ပြောင်းရွှေကြေးပေါင်သန်း (၉၀)ဖြင့် စတင်ကမ်းလှမ်းပြီး ဆွေးနွေးမှုပြုလုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။