အာဆင်နယ်အသင်းသည် ဘရိုက်တန်အသင်းနောက်ခံလူ ဘန်ဝှိုက်ကို ပေါင်သန်း ၅၀ ဖြင့်ခေါ်ယူရန် မူအားဖြင့် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများ စွာက ဖော်ပြခဲ့ကြသည်။
အာဆင်နယ်အသင်းသည် အသက် ၂၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမား ဘန်ဝှိုက်ကို ဇွန်လအတွင်း ပေါင်သန်း ၄၀ ဖြင့် ပထမအကြိမ်၊ ပေါင် ၄၇ သန်းဖြင့် ဒုတိယအကြိမ် ကမ်းလှမ်းသော်လည်း ပယ်ချခံရသော ကြောင့် ထပ်မံတိုးမြှင့်ကမ်းလှမ်းရာ မူအားဖြင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Sky Sports အပါအဝင် ဗြိတိန်သတင်းဌာနများ၏ ဖော်ပြမှုအရ အာဆင်နယ်အသင်းသည် ဘန်ဝှိုက်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဝန်းကျင် ပေးချေရဖွယ်ရှိပြီး နှစ်သင်းအကြား အပြီးသတ်သဘောတူညီမှုရရှိရန် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရမည်ဖြစ် သည်။ ဘန်ဝှိုက်သည် လက်ရှိအချိန်တွင် နွေရာသီအားလပ်ရက်ရရှိထားပြီး ၎င်းပြန်လည် ရောက်ရှိလာမည့် ဇူလိုင် ၂၆ ရက်နောက်ပိုင်းမှသာ ဆေးစစ်မှုပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။
The Sun သတင်းစာကလည်း ဘန်ဝှိုက် အနေဖြင့် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီး ငါး နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အာဆင်နယ်အသင်းအတွက် စျေးအကြီး ဆုံး နောက်ခံလူအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းကို ချယ်လ်ဆီး၊ အဲဗာတန်၊ မန်ယူ၊ လီဗာပူးလ်၊ စပါးစသည့် ထိပ်တန်းကလပ်များစွာက စိတ်ဝင်စားနေ သော်လည်း အာဆင်နယ်တစ်သင်းတည်းသာ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။
ဘန်ဝှိုက်သည် ဘရိုက်တန်အကယ်ဒမီ မှ ထွက်ပေါ်လာသူဖြစ်ပြီး နယူးပို့တ်၊ ပီတာဘရော့နှင့် လိဒ်စ်အသင်းတို့တွင် အငှားသွား ရောက်ကစားခဲ့ပြီးနောက် ပြီးခဲ့သည့်ရာသီတွင် ဘရိုက်တန်အသင်းအတွက် ၃၉ ပွဲကစားခွင့်ရ ခဲ့သည်။ ၎င်းင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ပွဲ ထွက်ကစားခွင့်မရသော်လည်း အပြီးသတ် ၂၆ ဦးစာရင်းတွင် ရွေးချယ်ခံခဲ့ရသည်။