ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်ကစားသမား ဒိုကူကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်တို့အပါအဝင် ဥရောပထိပ်တန်းအသင်းကြီးက စိတ်ဝင်စားနေကြောင်း သိရသည်။
အသက် (၁၉)နှစ်အရွယ်ရှိ ဒိုကူသည် ပြီးခဲ့သည့်ရာသီက Reims အသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသော်လည်း ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ကစားခွင့်ရသည့်အချိန်တွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဥရောပထိပ်တန်းအသင်းကြီးများ၏ မျက်စိကျခြင်းကို ခံနေရခြင်းဖြစ်သည်။
လက်ရှိတွင် ဒိုကူအား ခေါ်ယူရန် လီဗာပူးလ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က အပြိုင်ကြိုးပမ်းနေကြပြီး Reims အသင်းက ၎င်းအတွက် ယူရို (၂၆)သန်းဝန်းကျင်အလိုရှိနေကြောင်း Sky Sports သတင်းဌာနက ဖော် ပြခဲ့သည်။