မြန်မာနိုင်ငံတွင် အိမ်ခြံမြေစီမံကိန်း လုပ်ကိုင်နေခြင်းအားရပ်ရန် HRW အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက ဂျပန်ကို တောင်းဆို

မြန်မာနိုင်ငံတွင် အိမ်ခြံမြေစီမံကိန်း လုပ်ကိုင်နေခြင်းအားရပ်ရန် HRW အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက ဂျပန်ကို တောင်းဆို
Published 15 July 2021
Ref: Reuters

မြန်မာနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာန ပါဝင်နေသည့် အိမ်ခြံမြေစီမံကိန်းအား ရပ်ရန် ဇူလိုင် ၁၅ ရက်တွင် Human Rights Watch (HRW) အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက ဂျပန်ကို တောင်းဆိုခဲ့သည်။

ဂျပန်၏ ပုဂ္ဂလိကလုပ်ငန်းများနှင့် အစိုးရပိုင်လုပ်ငန်းတစ်ခုတို့သည် မြန်မာနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်သည့် မြေပေါ်တွင် ဒေါ်လာသန်းပေါင်းများစွာရှိသည့် ဟိုတယ်နှင့် ရုံးခန်းအဆောက်အအုံများ တည်ဆောက်ရာတွင် ပါဝင်နေကြသည်။

Human Rights Watch အပါအဝင် လူ့အခွင့်အရေးအဖွဲ့များကမူ ဂျပန်သည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေခြင်းနှင့့် ဆက်စပ်နေသည့် စွန့်စားမှုအန္တရာယ်ကို ဆန်းစစ်ရန် ပျက်ကွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“နိုင်ငံတော်အာဏာလွှဲယူတာမျိုး မလုပ်ခင်ကတောင် လူ့အခွင့်အရေးတွေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့ တပ်မတော်ကို ငွေကြေးပံ့ပိုးပေးနိုင်တဲ့ Y-Complex စီမံကိန်းကနေ ဂျပန်ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ထွက်သင့်ပါတယ်။ ကိုယ့်တာဝန် ကိုယ်ယူသင့်တယ်” ဟု Human Rights Watch ၏ အစီအစဉ်မှူး တက်ပေဆာကိုင်က ပြောကြားခဲ့သည်။

ငှားရမ်းခများမှတစ်ဆင့် Y-Complex စီမံကိန်းသည် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအရ တပ်မတော်က ထိန်းချုပ်ထားသည့် ကာကွယ်ရေးဝန်ကြီးဌာနကို အကျိုးအမြတ်ရှိစေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောကြားသည်။

ပွဲစားမှတစ်ဆင့်ပေးရသော ငှားရမ်းခသည် တပ်မတော်ထံရောက်မသွားဘဲ မြန်မာအစိုးရထံ နောက်ဆုံးရောက်သွားခဲ့ခြင်း ဖြစ်သည်ဟု ထင်မြင်ကြောင်း ဂျပန်ကုမ္ပဏီများနှင့် ဂျပန်အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Most Read

Most Recent