အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို ဆုံးရှုံးရခြင်းအတွက် အာဆင်နယ်ပရိသတ်အချို့ ဒေါသထွက်

အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို ဆုံးရှုံးရခြင်းအတွက် အာဆင်နယ်ပရိသတ်အချို့ ဒေါသထွက်
Photo: Getty Images
Photo: Getty Images
Published 14 July 2021

 

အာဆင်နယ်အသင်း၏ ပရိသတ်အချို့သည် အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို ဆုံးရှုံးရခြင်းအတွက် အာဆင်နယ်အသင်းကို ဒေါသထွက်နေကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် မာတီနက်ဇ်ကို ၂၀၁၀ ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့သော်လည်း အသင်း၌ နေရာမပေးဘဲ အငှားချခြင်းများသာ ပြုလုပ်ခဲ့ပြီး ၂၀၂၀ နွေရာသီတွင် အက်စတွန်ဗီလာအသင်းထံ ရောင်းထုတ်ခဲ့သည်။ 

မာတီနက်ဇ်သည် ဗီလာအသင်းတွင် လက်စွမ်းပြနိုင်ခဲ့သည့်အပြင် ကိုပါအမေရိကပြိုင်ပွဲ၌ အကောင်းဆုံးဂိုးသမားဆုရရှိသည်အထိ စွမ်းဆောင်ခဲ့သောကြောင့် အာဆင်နယ်ပရိသတ်အချို့ က အသင်းကို ပြစ်တင်မှုများလည်း ပြုလုပ်ခဲ့ကြသည်။

Most Read

Most Recent