ယခုနှစ် နွေရာသီတွင် BLACKPINK အဖွဲ့ဝင် Lisa ၏ တစ်ကိုယ်တော် တေးသီချင်း ထွက်ရှိမည်

ယခုနှစ် နွေရာသီတွင် BLACKPINK အဖွဲ့ဝင် Lisa ၏ တစ်ကိုယ်တော် တေးသီချင်း ထွက်ရှိမည်
Published 13 July 2021

BLACKPINK အဖွဲ့ဝင် LISA သည် ၎င်း၏တစ်ကိုယ်တော် တေးသီချင်းဗီဒီယိုကို ယခုသီတင်းပတ်အတွင်း ရိုက်ကူးသွားလိမ့်မည်ဖြစ်ကြောင်း OSEN သတင်းဌာန ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသတင်းနှင့်ပတ်သက်၍ YG အင်တာတိန့်မင့်က အတည်ပြုခဲ့ပြီး အဖွဲ့ဝင် LISA သည် ၎င်း၏တေးသီချင်း ဗီဒီယိုသစ်အတွက်ရိုက်ကူးမှုကို ယခုသီတင်းပတ်အတွင်း လုပ်ဆောင်မည်ဖြစ်ကာ ယခုနှစ်နွေရာသီတွင် ၎င်း၏တစ်ကိုယ်တော် ဂီတလှုပ်ရှားမှု စတင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် BLACKPINK အဖွဲ့၏ The ALBUM အယ်လ်ဘမ်ထွက်ရှိလာခဲ့ပြီးနောက် YG အင်တာတိန့်မင့်က အဖွဲ့ဝင် Rose ၊ Lisa နှင့် Jisoo တို့၏ တစ်ကိုယ်တော်တေးသီချင်းများကို အစဉ်လိုက် ထုတ်လွှင့်ပေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။ တစ်ကိုယ်တော် တေးသီချင်းဦးဆုံး ထုတ်ခွင့်ရသည့် အဖွဲ့ဝင်မှာ Jinnie ဖြစ်ပြီး Rose သည်လည်း R အမည်ရှိ တေးအယ်လ်ဘမ် ထွက်ရှိထားသည်။

Most Read

Most Recent