Stay at Home သတ်မှတ်သည့်မြို့နယ် ၂၃ မြို့နယ်ရှိလာသော COVID-19 ရောဂါအခြေအနေနှင့် ရန်ကုန်လေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ခွင့်ရပ်ဆိုင်းခြင်းကို ဇူလိုင်လကုန်အထိ ထပ်မံတိုးမြှင့်ခြင်း

Stay at Home သတ်မှတ်သည့်မြို့နယ် ၂၃ မြို့နယ်ရှိလာသော COVID-19 ရောဂါအခြေအနေနှင့် ရန်ကုန်လေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ခွင့်ရပ်ဆိုင်းခြင်းကို ဇူလိုင်လကုန်အထိ ထပ်မံတိုးမြှင့်ခြင်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal - 1 ကို ကိုဗစ်ကာလအတွင်းတွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal - 1 ကို ကိုဗစ်ကာလအတွင်းတွေ့ရစဉ်
Published 4 July 2021
ရွှန်းလဲ့ဝင်း

Stay at Home မြို့နယ် ၂၃ မြို့နယ်အထိ ရှိလာသည့် COVID-19 ရောဂါ အခြေအနေ

စစ်ကိုင်းတိုင်းရှိ ဟုမ္မလင်းမြို့နယ်၊ မန္တလေးတိုင်းရှိ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်ရှိ နောင်ချိုမြို့နယ်တို့အား Stay at Home မြို့ နယ်များအဖြစ် ကြေညာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၂ ရက် ည ၈ နာရီတွင် သတင်းထုတ်ပြန်လိုက်သည်။ ဇူလိုင် ၁ ရက်က ပဲခူးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်စုစုပေါင်းကိုးခုအား Stay at Home ထပ်မံသတ်မှတ်ထားပြီး ဖြစ်သဖြင့် Stay at Home သတ်မှတ်ထားသည့်မြို့နယ် ၂၃ မြို့ နယ်အထိရှိလာခြင်းဖြစ်သည်။

အဆိုပါမြို့နယ်များတွင် နေထိုင်သူများ (အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမပါ) အနေဖြင့် မိမိတို့၏ နေအိမ်တွင်သာ နေထိုင်ရမည်ဖြစ်ရမည်ဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါးအအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်း ထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် မဖြစ်တာဝန်ထမ်းဆောင်သူများသည် Stay at Home အစီအစဉ်တွင် မပါဝင်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာမှ ကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ပုဂ္ဂလိကဆိပ်ကမ်းများ၊ သင်္ဘောလိုင်းဌာနေကိုယ်စားလှယ်ရုံးများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း (Freight Forwarder) ကုမ္ပဏီများ၊ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းများ၊ ဆိပ်ကမ်းပို့ကုန် သွင်းကုန်သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ်၊ ရေယာဉ်လုပ်ငန်းများ၊ ကုန်းတွင်းကုန်သေတ္တာစခန်း (Inland Container Depot) နှင့် ကုန်းတွင်းဆိပ်များ (Dry Port) မှ ဝန်ထမ်းများမပါကြောင်းနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ၊ တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်းများ Stay at Home အစီအစဉ်တွင်မပါ (ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာ ရောင်းချခြင်းများ ခွင့်မပြု) ကြောင်း သိရသည်။

အလားတူ ကုန်ကြမ်းယူ ကုန်ချောပေး ဆောင်ရွက်ရသော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံ များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမူ မရှိစေရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများအနေဖြင့် လိုအပ်သော အမိန့်ညွှန် ကြားချက်များ ထုတ်ပြန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးရန် အမိန့်ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊ မဖြစ်မနေ စျေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ရန်၊ ဆေးရုံဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာသွားရောက်ရန်၊ နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ရန်၊ တာဝန်ထမ်းဆောင်ရန်သွားရောက် ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသောယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန်၊ ရပ်ကွက်အတွင်း စျေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်တစ်ဦး၊ ဆေးရုံဆေးခန်း သွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်နှစ်ဦးသာ သွားရောက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်ကြေညာချက်တွင်ပါရှိသည်။

ထို့အတူ အခြားအရေးပေါ် ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူတာဝန်ထမ်းဆောင်သွားရောက် ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှလည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်၊ ထွက် ခွင့်မပြုရန်ဖြစ်ကြောင်းနှင့် ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်ပြီး အမိန့်သည် ဇူလိုင် ၃ ရက် နံနက် ၄ နာရီမှ စတင်သက်ရောက်ကြောင်း သိရသည်။      

မြန်မာနိုင်ငံ၌ COVID-19 ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၂၀ ကျော်လာပြီး ၁၀ ရာခိုင်နှုန်း အထက်ဖြစ်သည့် ဇွန် ၁၉ ရက်မှ ဇူလိုင် ၁ ရက်အထိ ၁၃ ရက်အတွင်း သေဆုံးသူ ၉၆ ဦးအထိရှိလာကြောင်း သိရသည်။

ပိုးတွေ့ရှိမှု ၁၀ ရာခိုင်နှုန်း အထက်ရှိခဲ့သည့် ဇွန် ၁၉ ရက်တွင် သေဆုံးသူ ခုနစ်ဦး၊ ဇွန် ၂၀ ရက်တွင် လေးဦး၊ ဇွန် ၂၁ ရက်တွင်  သုံးဦး၊ ဇွန် ၂၂ ရက်တွင် နှစ်ဦး၊ ဇွန် ၂၃ ရက်  နှစ်ဦး၊ ဇွန် ၂၄ ရက်၌ ခြောက်ဦး၊ ဇွန် ၂၅ ရက်တွင် ခုနစ်ဦး၊ ဇွန် ၂၆ ရက် တွင် ရှစ်ဦး၊ ဇွန် ၂၇ ရက်တွင် ခုနစ်ဦး၊ ဇွန် ၂၈ ရက်တွင် ၁၂ ဦး၊ ဇွန် ၂၉ရက် တွင် ၁၁ ဦး၊ ဇွန် ၃၀ ရက်တွင် ၁၄ဦး၊ ဇူလိုင် ၁ ရက် ၁၃ ဦးဖြင့် စုစုပေါင်း သေဆုံးသူ ၉၆ ဦးရှိပြီးဖြစ်သည်။

ဇွန် ၁၉ ရက်မှ ဇူလိုင် ၁ ရက် အထိ ၁၃ ရက်ဆက်တိုက် နေ့စဉ် ပိုးတွေ့ရာခိုင်နှုန်း မြင့်တက်လျက်ရှိပြီး ဇူလိုင် ၁ ရက်က COVID-19 လူနာသစ် ၂၀၇၀ တွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်ခဲ့သည့် မေ ၂၇ ရက်မှစ၍ ဇူလိုင် ၁ ရက်အထိ ၃၆ ရက်အတွင်း ပိုးတွေ့လူနာ ၁၆၀၃၇ ဦး ထပ်တိုးတွေ့ရှိခဲ့သည်။

COVID-19 ဓာတ်ခွဲနမူနာ ၉၁၄၆ ခု စစ်ဆေးရာ ပိုးတွေ့လူနာသစ် ၁၈၆၃ ဦးတွေ့ရှိရပြီး သေဆုံးသူ ၁၇ ဦးရှိကြောင်း ဇူလိုင် ၂ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၁ ရက် ည ၈ နာရီမှ ဇူလိုင် ၂ ရက် ည ၈ နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၈၆၃ ဦး တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ၂  ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၇၅၂၉၂၉ ခုကို စစ်ဆေးခဲ့ရာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၆၁၂၁၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂  ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိ သူ ၄၂၃ ဦးရှိခြင်းကြောင့် စုစုပေါင်း ၁၃၇၄၁၅ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ကာ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၇ ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၃၃၆၄ ဦးရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်လေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ခွင့်ရပ်ဆိုင်းခြင်းကို ဇူလိုင်လကုန်အထိ ထပ်မံတိုးမြှင့်ခြင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်  လေယာဉ်များ ဆင်းသက် ပျံသန်းခွင့်ရပ်ဆိုင်းထားခြင်းအား ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းထားကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

COVID-19 ရောဂါကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ရပ်ဆိုင်းထားသည့်ကာလတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုန်စည်သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များနှင့် ကယ်ဆယ်ရေးလေကြောင်းခရီးစဉ်များကို လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ မှစတင်ပြီး ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

COVID-19 ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများ အားလုံးကို ဇူလိုင် ၃၁ ရက်အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်  လေယာဉ်များဆင်းသက် ပျံသန်းခွင့်ရပ်ဆိုင်းထားခြင်းအား ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ ထပ်မံ တိုးမြှင့်ရပ်ဆိုင်းထားကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

COVID-19 ရောဂါကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းထားသည့် ကာလတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုန်စည်သယ်ယူ ပို့ဆောင်ရေးလေကြောင်းခရီးစဉ်များနှင့် ကယ်ဆယ်ရေး လေကြောင်းခရီးစဉ်များကို လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၀ ရက်မှစတင်ပြီး ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဇူလိုင် ၃၁ ရက်အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။     

သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့် ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ(သံတမန် များ နှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ်(သို့မဟုတ်) အထူး လေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိအနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent