ဆန်ချိုကိုခေါ်ယူရန် သဘောတူညီမှုရရှိကြောင်း အတည်ပြုကြေညာပြီးနောက် ဗာရန်းကို ပေါင် ၄၃ သန်းဖြင့် ထပ်မံခေါ်ယူနိုင်ရန် မန်ယူအသင်း နီးစပ်နေ

ဆန်ချိုကိုခေါ်ယူရန် သဘောတူညီမှုရရှိကြောင်း အတည်ပြုကြေညာပြီးနောက် ဗာရန်းကို ပေါင် ၄၃ သန်းဖြင့် ထပ်မံခေါ်ယူနိုင်ရန် မန်ယူအသင်း နီးစပ်နေ
Photo: Getty Images
Photo: Getty Images
Published 4 July 2021

 

မန်ယူအသင်းသည် ဒေါ့မွန်အသင်း လူငယ်ကြယ်ပွင့် ဆန်ချိုကိုခေါ်ယူရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပြီးနောက် ရီးယဲလ်အသင်းနောက်ခံလူ ဗာရန်းကို ပေါင် ၄၃ သန်းဖြင့် ထပ်မံခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သည့် ဗာရန်းသည် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရပါက လာမည့်နှစ် နွေရာသီတွင် အလွတ်ထွက်ခွာခွင့်ရမည်ဖြစ်သည်။ 

ရီးယဲလ် အသင်းအနေဖြင့် ကနဦးတွင် ၎င်း၏ပြောင်း ရွှေ့ကြေးအတွက် ပေါင်သန်း ၆၀ သတ်မှတ်ထားသော်လည်း စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သဖြင့် ယခုနွေရာသီတွင် မရောင်းချပါက အသင်းခေါင်းဆောင် ရာမို့စ် ကဲ့သို့ အလွတ်ထွက်ခွာခွင့်ပြုရမည့် အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။ 

ဗာရန်းမှာ ယခုနွေရာသီတွင် မန်ယူအသင်း ပစ်မှတ်ထားနေသည့် နောက်ခံလူများအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး ရိုမဲရိုး (အတ္တလန္တာ)၊ ကွန်ဒီ (ဆီဗီလာ) နှင့် ဘော့မန်း (လိုင်လီ) တို့ကိုလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ မန်ယူအသင်းသည် ပထမဆုံးခေါ်ယူမှုအဖြစ် ဆန်ချိုကိုခေါ်ယူနိုင်ပြီးနောက် ခံစစ်အတွင်းလူ၊ ကွင်းလယ်ခံစစ်နှင့် တိုက်စစ်မှူး တစ်ဦးစီ ထပ်မံခေါ်ယူရန် ကြိုးပမ်းလျက်ရြှိကောင်း သိရသည်။ 

ခံစစ်နေရာအတွက် ဗာရန်းကိုခေါ်ယူရန် နီးစပ်နေသလို ကွင်းလယ် ခံစစ်နေရာအတွက် ဝက်စ်ဟမ်းအသင်း၏ အင်္ဂလန်လက်ရွေးစင်ကစားသမား ဒက်ကလန်ရိုက် (၂၂ နှစ်) နှင့် တိုက်စစ်နေရာအတွက် စပါးအသင်းမှထွက်ခွာရန် ဆန္ဒရှိနေသည့် အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဟာရီကိန်း (၂၇ နှစ်) တို့ကို ပစ်မှတ်ထားနေသည်။

Most Read

Most Recent