ကျပ်သိန်းတစ်ထောင်နှင့်အောက် သုံးရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်းအထက်ဖြစ်ပါက ရာခိုင်နှုန်း ၃၀ ပေးဆောင်ရမည့် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြန်လည်ပြင်ဆင်သည့်ဥပဒေ ထုတ်ပြန်

ကျပ်သိန်းတစ်ထောင်နှင့်အောက် သုံးရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်းအထက်ဖြစ်ပါက ရာခိုင်နှုန်း ၃၀ ပေးဆောင်ရမည့် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြန်လည်ပြင်ဆင်သည့်ဥပဒေ ထုတ်ပြန်
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကိုတွေ့ရစဉ်
Published 20 June 2021
နီလာ

ကျပ်သိန်းတစ်ထောင်နှင့်အောက် အခွန်သုံးရာခိုင်နှုန်း

ကျပ်သိန်းတစ်ထောင်နှင့် အောက်သုံးရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်းအထက်ဖြစ်ပါက ရာခိုင်နှုန်း ၃၀ အခွန်ဆောင်ရမည့် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုအခွန် အကောက်ဥပဒေကို ပြန်လည်ပြင်ဆင်သည့်ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်သည်။

COVID-19 ကြောင့် နှောင့်နှေးလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်တိုးတက်မှုရှိလာစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၉) အရ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုက် ခြင်းဖြစ်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြေညာချက်၌ ကျပ်သိန်းတစ်ထောင်နှင့်အောက်အား အခွန်သုံးရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်မှ ကျပ်သိန်းသုံးထောင်အထိ အခွန်ငါးရာခိုင်နှုန်း၊ သိန်းသုံးထောင်မှ ကျပ်သိန်းတစ်သောင်းအထိအား ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းမှ ကျပ်သိန်းသုံးသောင်း အထိအား ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်းအထက်ဖြစ်ပါက ရာခိုင်နှုန်း ၃၀ သို့ ပြင်ဆင်သတ်မှတ်ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

ယင်းသို့ ပြင်ဆင်သတ်မှတ်ခြင်းမှာ ဇူလိုင် ၁ ရက်မှ စတင်အသက်ဝင်မည်ဖြစ်ပြီး စက်တင်ဘာ ၃၁ ရက်အထိ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေ ပုဒ်မ (၂၅) ပုဒ်မခွဲ (က)ပါ ဇယားကို အစားထိုးပြင်ဆင်သတ်မှတ်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယခင်က ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် ကျပ်သိန်းတစ်ထောင်အောက်ဖြစ်ပါက အခွန်ခြောက်ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်မှ ကျပ်သိန်းသုံးထောင်အထိအား ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်မှ ကျပ်သိန်းသုံးသောင်းအထိအား ရာခိုင်နှုန်း ၂၀၊ ကျပ်သိန်းသုံးသောင်းနှင့် အထက်ဖြစ်ပါက ရာခိုင်နှုန်း ၃၀ ပေးဆောင်ရမည်ဟု ဖော်ပြထားသည်။

Digital Payment များဖြင့် ဆောင်ရွက်ရန် ဗဟိုဘဏ်က ထုတ်ပြန်

ဘဏ်နှင့်ဆက်သွယ်သူ ကုန်သည်များ၏အွန်လိုင်းမှ ကုန်ပစ္စည်းရောင်းချမှုများပေါ်တွင် တစ်လအတွင်း  ရောင်းချမှုပမာဏ၏ အများဆုံးရာခိုင်နှုန်း ၅ဝအထိသာ ငွေသားထုတ်ယူခွင့်ကို တစ်လလျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိသာ ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များအားလုံးသို့ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ဘဏ်များအနေဖြင့် လက်ရှိအခြေအနေအရ ငွေကြေးလွယ်ကူမှုနှင့်Assets and Liabilites Management ကိုထိန်းကျောင်းရာတွင် ပိုမိုအားကောင်းရန် လိုအပ်ကြောင်း တွေ့ရှိရသည်။ဗဟိုဘဏ်မှ ရည်ညွှန်း(၁)(ဗဟိုဘဏ်၏ ၂၀၀၇ ခုနှစ် ရက်စွဲပါ ညွှန်ကြားချက် ၆/၂၀၀၇)ပါစာဖြင့် ငွေစုဘဏ်စာရင်းနှင့် အချိန်ပိုင်းအပ်ငွေစာရင်းအသွင်ဖြင့် ဆောင်ရွက်ရန်၊ ရက်သတ္တပတ် တစ်ပတ်လျှင် တစ်ကြိမ်သာ ငွေထုတ်ကန့်သတ်ချက် ကန့်သတ်ခဲ့သော်လည်း ဘဏ်များအနေဖြင့် ငွေစုဘဏ်အပ်ငွေများ၊အချိန်ပိုင်းအပ်ငွေများနှင့်ပတ်သက်၍ မိမိတို့၏ customers များအား ဝန်ဆောင်မှုပေးရာတွင်  အဆိုပါအပ်ငွေများသည် ချက်ချင်းပေးရမည့် စာရင်းရှင်အပ်ငွေသဖွယ်ဖြစ်နေပြီး  ငွေစုဘဏ်/အချိန်ပိုင်းအပ်ငွေစာရင်းများ၏ ရည်ရွယ်ချက်ကို အကောင်အထည်မဖော်နိုင်သည့်အပြင် မိမိတို့ဘဏ်၏ ငွေကြေးလွယ်ကူမှုနှင့် Assets and Liabilites Management ထိန်းကျောင်းမှုအားနည်းကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ ဘဏ်များ၏ ငွေကြေးလွယ်ကူမှုနှင့် ငွေသားစီမံခန့်ခွဲမှုကို ပိုမိုထိန်းကျောင်းရန် လိုအပ်လာသဖြင့် ဗဟိုဘဏ်၏ ရည်ညွှန်းပါ ညွှန်ကြားချက်၊ အကြောင်းစာနှင့်အညီ ဆောင်ရွက်ရန် ဘဏ်များအား အကြောင်းကြားထားသည်။

ငွေစုဘဏ်အပ်ငွေ (Saving Deposists) များကို ပြန်လည်တောင်းခံလျှင် ချက်ချင်းပေးရမည့် စာရင်းရှင်အပ်ငွေ (Current Deposists) ကဲ့သို့ ဆောင်ရွက်ခြင်းမပြုဘဲ ငွေစုဘဏ်၏ စည်းကမ်းချက်အတိုင်း ၎င်းစာရင်းမှ ထုတ်ပေးခြင်း၊စာရင်းလွှဲပြောင်းပေးခြင်းများကို ငွေစုဘဏ် စာရင်းတစ်ခုအတွက် မိမိတို့၏ သုံးစွဲခွင့်ပြုနိုင်သည့် ပမာဏတစ်ခု ကန့်သတ်ပြီး  (Current Account သို့ လွှဲပြောင်းခြင်း သို့မဟုတ် လက်ရှိစာရင်းမှနေ၍) ရက်သတ္တပတ် တစ်ပတ်လျှင် တစ်ကြိမ်သုံးစွဲနိုင်သည့် ပမာဏတစ်ခုအတွင်းသာ Card များဖြင့် ချိတ်ဆက်ပေးချေခြင်း/ အခြား Pay များ၊ Wallet များဖြင့် ချိတ်ဆက်ခြင်းအပါအဝင်) ဆောင်ရွက်ပေးရန်ဖြစ်သည်။

အစိုးရဌာနများမှ လုပ်ငန်းများအတွက် တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များသို့ ငွေပေးချေရာတွင် လုပ်ငန်းရှင်၏ငွေစာရင်းသို့ စာရင်းလွှဲပြောင်းခြင်း/Cross Cheque/PO ဖြင့်ပေးချေဆောင်ရွက်ပေးရန်၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ တစ်ဦးချင်း၏ငွေစာရင်းမှ ငွေသားထုတ်ပေးရာတွင် မဖြစ်မနေ ငွေသားလိုအပ်ချက်မှအပ (ဥပမာ-လုပ်ခလစာ/ထောက်ပံ့ကြေး၊လျော်ကြေးများ၊ ပင်စင်) မိမိတို့ Customers များ၏ငွေပေးချေလိုမှုအပေါ်မူတည်၍ စိစစ်မေးမြန်းပြီး စာရင်းပြောင်းပေးချေမှုကို ဦးစားပေးဆောင်ရွက်ရန် ဘဏ်ခွဲအသီးသီးမှ တာဝန်ခံများအနေဖြင့် Account Transfer ၊ Digital Payment များဖြင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ငွေပေးချေရာတွင် A/C Transfer ၊ Digital Payment များဖြင့် ပိုမိုပေးချေရေးကို ဘဏ်များမှ Target ထား ဆောင်ရွက်ရန်နှင့် ဘဏ်နှင့် ဆက်သွယ်သူကုန်သည်များ၏ Digital Sales (Pay/Wallet/Cards/Account Transfer) များပေါ်တွင် တစ်လအတွင်း ရောင်းချမှုပမာဏ၏ အများဆုံး ရာခိုင်နှုန်း ၅၀ အထိသာ ငွေသားထုတ်ယူခွင့်ကို တစ်လလျှင်နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခန့်အထိ စိစစ်ခွင့်ပြုရန် စသည်တို့ကို ဗဟိုဘဏ်၏ ဘဏ်များအားလုံးသို့ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

လေးလအတွင်း ဆန်စျေးမြင့်တက်မှု အခြေအနေ

ပြည်တွင်းစျေးကွက်၌ ဒေသအစုံမှ ထွက်ရှိသောဆန်ချောစျေးများ လေးလအတွင်း တစ်အိတ်လျှပ် ကျပ် ၂၀၀၀ မှ ကျပ် ၃၀၀၀ အထိ မြင့်တက်လာကြောင်း ဆန်စပါးကုန်စည်ဒိုင်များမှ သိရသည်။

မြောင်းမြ/ပုသိမ်ပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ဒေးဒရဲပေါ်ဆန်း အပါအဝင် ဆန်ချောများ စျေးတက်နေပြီး ဆန်ကြမ်းများ စျေးအနည်းငယ်ကျဆင်းနေကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်စျေးနှုန်း (တစ်အိတ်) များမှာ မြောင်းမြ/ပုသိမ်ပေါ်ဆန်း (သစ်) ကျပ် ၃၆၀၀၀ မှ ကျပ် ၃၈၀၀၀ ကြား၊ ဒေးဒရဲ ကြားပျံ ကျပ် ၃၈၀၀၀ မှ ကျပ် ၄၀၀၀၀ ကြား၊ ဖျာပုံပေါ်ဆန်း (သစ်) ကျပ် ၃၅၀၀၀ မှ ကျပ် ၃၆၀၀၀ ကြား၊ ဒေးဒရဲပေါ်ဆန်း (သစ်) ကျပ် ၃၅၀၀၀ မှ ကျပ် ၃၇၀၀၀ ကြား၊ ပေါ်ဆန်းနယ်စုံ (သစ်) ကျပ် ၃၄၀၀၀ မှ ၃၅၅၀၀ ကြား၊ မြီးဒုံး (သစ်) ကျပ် ၂၉၀၀၀ မှ ကျပ် ၃၁၀၀၀ ကြား၊  ရက် ၉၀ ကျပ် ၃၁၀၀၀ မှ ကျပ် ၃၃၀၀၀ ကြား၊ ကြားပျံရှယ်(သစ်) ကျပ် ၃၇၀၀၀ မှ ကျပ် ၄၀၀၀၀ ကြား၊ ငစိန် (သစ်) ကျပ် ၂၂၈၀၀ မှ ကျပ် ၂၃၅၀၀ ကြား၊ ရွှေဘိုပေါ်ဆန်း (သစ်) ကျပ် ၄၇၀၀၀ မှ ကျပ် ၅၀၀၀၀ ကြား၊ ဧည့်မထ (သစ်) ကျပ် ၂၆၀၀၀ မှ ကျပ် ၂၇၀၀၀ ကြား၊ ပေါ်ဆန်းရှယ် ကျပ် ၃၅၀၀၀ မှ ကျပ် ၃၆၀၀၀ ကြား ဖြစ်သည်။

၂၀၂၁ ခုနှစ် ဇွန် ၁၄ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်စျေးနှုန်း (တစ်အိတ်) များမှာ မြောင်းမြ/ပုသိမ်ပေါ်ဆန်း (သစ်) ကျပ် ၃၇၀၀၀ မှ ကျပ် ၄၀၀၀၀ ကြား၊ ဒေးဒရဲကြားပျံ ကျပ် ၄၁၀၀၀ မှ ကျပ် ၄၂၀၀၀ ကြား၊ ဖျာပုံ ပေါ်ဆန်းကျပ် ၃၆၀၀၀ မှ ကျပ် ၃၉၀၀၀ ကြား၊ ဒေးဒရဲပေါ်ဆန်းကျပ် ၃၆၀၀၀ မှ ကျပ် ၃၉၀၀၀ ကြား၊ ပေါ်ဆန်းနယ်စုံကျပ် ၃၅၀၀၀ မှ ၃၈၅၀၀ ကြား၊ မြီးဒုံး (သစ်) ကျပ် ၃၁၅၀၀ မှ ကျပ် ၃၃၀၀၀ ကြား၊  ရက် ၉၀ ကျပ် ၂၅၀၀၀  မှ ကျပ် ၂၆၃၀၀၀ ကြား၊ ကြားပျံရှယ် (သစ်) ကျပ် ၃၅၅၀၀ မှ ကျပ် ၄၀၀၀၀ ကြား၊ ငစိန် (သစ်) ကျပ် ၂၁၅၀၀ မှ ကျပ် ၂၂၅၀၀ ကြား၊ ရွှေဘိုပေါ်ဆန်း (သစ်) ကျပ် ၄၇၀၀၀ မှ ကျပ် ၅၀၀၀၀ ကြား၊ ဧည့်မထ (သစ်) ကျပ် ၂၂၅၀၀ မှ ကျပ် ၂၃၀၀၀ ကြား၊ ပေါ်ဆန်းရှယ် ကျပ် ၃၈၀၀၀ မှ ကျပ် ၃၉၀၀၀ ကြားဖြစ်သည်။

အဆိုပါလေးလအတွင်း ရက် ၉၀ တစ်အိတ်လျှင် ကျပ် ၅၀၀၀ ခန့်၊ ကြားပျံရှယ် တစ်အိတ်လျှင် ကျပ် ၂၀၀၀ ခန့်၊ ငစိန်တစ်အိတ်လျှင် ကျပ်၁၀၀၀ ခန့်၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၃၀၀၀ ခန့်စျေးကျခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၄ သန်းကျော် သာတင်ပို့နိုင်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် တင်ပို့မှုတန်ချိန် ငါးသိန်းကျော်လျော့ကျခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၃၀ နီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု တန်ချိန်သုံးသန်းနီးပါးသာရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှုတန်ချိန် ၁ ဒသမ ၃ သန်းအထိလျော့ကျခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၈ ရက်အထိ ရှစ်လခန့်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု တန်ချိန် ၂ ဒသမ ၉၈၇ သန်းတင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၄၀၇ ဘီလျံ ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခင်နှစ်ကာလတူတွင် စက်သုံးဆီ တင်သွင်းမှု တန်ချိန် ၄ ဒသမ ၂၈၄ သန်းတင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၂ ဒသမ ၀၄၅ ဘီလျံအထိရှိသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင်  ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တင်သွင်းမှုတန်ချိန် ၁ ဒသမ ၂၉၆ သန်းနှင့် တန်ဖိုးဒေါ်လာ ၆၃၈ သန်းကျော်လျော့ကျခဲ့သည်။

အဆိုပါကာလအတွင်း ဒီဇယ်တန်ချိန် ၁ ဒသမ ၇၉၆ သန်းတင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၇၉၂ ဒသမ ၀၁၉ သန်းရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၈၈၈ဝဝဝကျော်နှင့် တန်ဖိုးဒေါ်လာသန်း ၄၅၀ ကျော် လျော့ကျခဲ့သည်။

ဓာတ်ဆီတန်ချိန် ၁ ဒသမ ၁၉၁ သန်း တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၆၁၅ ဒသမ ၃၈၀ သန်းရှိပြီး ယခင်နှစ်ကာလတူထက်တန်ချိန် လေးသိန်းကျော်နှင့် တန်ဖိုးဒေါ်လာ ၁၈၈ သန်းကျော်လျော့ကျခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent