ယူရိုဗိုလ်လုပွဲကျင်းပရန်ထက် အများပြည်သူကျန်းမာရေးက ပိုအရေးကြီးဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် တုံ့ပြန်

ယူရိုဗိုလ်လုပွဲကျင်းပရန်ထက် အများပြည်သူကျန်းမာရေးက ပိုအရေးကြီးဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် တုံ့ပြန်
Photo: Getty Images
Photo: Getty Images
Published 20 June 2021

 

COVID-19 ရောဂါ ဆိုင်ရာစည်းမျဉ်းများ ဖြေလျှော့မပေးပါက ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပခွင့် ဆုံးရှုံးရနိုင်သည့်အခြေအနေ ရင်ဆိုင်နေရသည့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အများပြည်သူကျန်းမာရေးကသာ ဦးစားပေးကိစ္စဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ 

ဗြိတိန်အစိုးရက အနီရောင်စာရင်းသတ်မှတ်ထားသည့် နိုင်ငံများမှ လာရောက်သူများအား Quarantine ၁၀ ရက်နေထိုင်စေရန် ညွှန်ကြားထားသဖြင့် ဆီမီးဖိုင်နယ် နှင့် ဗိုလ်လုပွဲအတွက် လာရောက်ကြမည့် တာဝန်ရှိသူများအား ကင်း လွတ်ခွင့်ပြုရန် UEFA က တောင်းဆိုထားသည်။ 

UEFA နှင့် FIFA (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) တာဝန်ရှိသူများ၊ နိုင်ငံရေးသမားများ၊ စပွန် ဆာကုမ္ပဏီနှင့် ရုပ်သံကုမ္ပဏီများ အပါအဝင် ဖိတ်ကြားထားသူ ၂၅၀၀ ခန့် ဗြိတိန်သို့ လာရောက်မည်ဖြစ်ပြီး ၎င်းတို့အား Quarantine နေထိုင်ရန်မလိုဘဲ ကင်းလွတ်ခွင့်ပြုရန်၊ ပွဲစဉ်များကြည့်ရှုခွင့်နှင့် လေ့ကျင့်ရေးကွင်းများသို့ သွားရောက်ခွင့်ပြုရန်၊ ဗြိတိန် အစိုးရဝန်ကြီးများနှင့် တွေ့ဆုံဆွေး နွေးမှုပြုလုပ်ခွင့်ပေးရန်၊ ပြင်ပသို့ လွတ်လပ်စွာ သွားလာခွင့်ပြုရန် စသည့် အချက်များ ပါဝင်နေသည်။ 

အကယ် ၍ စည်းမျဉ်းဖြေလျှော့မပေးပါက ဗိုလ်လုပွဲကို ဝင်ဘလေကွင်းအစား ဟန်ဂေရီနိုင်ငံရှိ Puskas Arena ကွင်းသို့ ပြောင်းလဲကျင်းပနိုင်ကြောင်း သတင်းများထွက်ပေါ်နေရာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့နိုင်ငံကို COVID အန္တရာယ်ကနေ လွတ်မြောက်အောင် လုပ်ဆောင်ရမှာပါ။ ဒါက ကျွန်တော်တို့ရဲ့ ဦးစားပေးကိစ္စပါ။ UEFA ဘက်က တောင်းဆိုထားတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးသွားမှာဖြစ်ပြီး အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေရှာရမှာပါ။ ဒါပေမဲ့ အများပြည်သူရဲ့ ကျန်းမာရေးက ဦးစားပေးပါပဲ" ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Most Read

Most Recent