ဆုဖလားရဲ့ အခြားတစ်ဖက်မှာ

ဆုဖလားရဲ့ အခြားတစ်ဖက်မှာ
Photos: AFP.Getty Images
Photos: AFP.Getty Images
Published 20 June 2021

အုပ်စုအဖွင့်ပွဲစဉ်(၁)အပြီးမှာ ပြိုင်ပွဲမတိုင်ခင်ရွှေဖိနပ်ဆုအတွက် ရေပန်းစားတဲ့ကစားသ မားထိပ်ဆုံး (၈)ဦးထဲက လူကာကူ၊ စီရော်နယ်လ် ဒိုနဲ့ အီမိုဘီလီတို့ (၃)ဦးသာဂိုးသွင်းနိုင်ခဲ့ပြီး ဟာရီကိန်း၊ ဘာပေ၊ ဘန်ဇီမာ၊ ဂရီးဇ်မန်းနဲ့ ဒီပိုင်း တို့ကတော့ဂိုးပေါက်ကိုယ်စီပျောက်ခဲ့ကြပါတယ်။ လူကာကူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမစတင်ခင်ကတည်းက ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးက ရေပန်းစားခဲသူဖြစ်ပြီး၊ အုပ်စုအဖွင့်ပွဲမှာပဲ (၂)ဂိုး သွင်းယူနိုင်ခဲ့လို့ ဒီရေပန်းစားမှုဟာ ရာနှုန်းပြည့် မှန်ကန်ခဲ့တယ်လို့သုံးသပ်နိုင်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ဟာကိန်းဂဏန်းတစ်ခုထက်မပိုကြောင်း အောင်မြင်မှုတွေနဲ့အကြိမ်ကြိမ်အခါခါ သက်သေပြနေတဲ့ အသက် (၃၆)နှစ်အရွယ်စီ ရော်နယ်လ်ဒိုကလည်း အုပ်စုအဖွင့်မှာပဲ (၂)ဂိုး သွင်းပြီး စံချိန်မှတ်တမ်းသစ်တွေနဲ့အတူ ရွှေဖိနပ် ဆုအတွက်မေ့ထားလို့မရကြောင်းပြသခဲ့တယ်။ ကလပ်အသင်းအဆင့်မှာ ချန်ပီယံလိဂ်လိုကမ္ဘာ့ အကောင်းဆုံးပြိုင်ပွဲရဲ့ စံချိန်တင်သွင်းဂိုးရှင်ဖြစ်သလို၊ လက်ရွေးစင်အသင်းအဆင့်မှာလည်း ယူရိုလို တိုက်ကြီးများအလိုက်အကောင်းဆုံးပြိုင်ပွဲမှာ စံချိန်တင်ဂိုးသွင်းရှင်အဖြစ်ရပ်တည်နိုင်ခဲတာက စီရော်နယ်လ်ဒိုရဲ့ ကိုယ်ကိုယ်ကို တည်ဆောက်နိုင် မှုနဲ့ စွမ်းဆောင်ရည်ကို လက်ဖျားခါစရာဖြစ်စေခဲ့ တာအမှန်ပါ။ ရပ်တန့်တောမယ်လို့ထင်လိုက်တိုင်း အားသစ်အင်သစ်တွေနဲ့အမြဲလိုလိုခမ်းခမ်းနားနား ပြန်လာတဲ့ စီရော်နယ်လ်ဒိုဟာ ဒီတစ်ကြိမ်မှာ လည်း ကြယ်ပွင့်တွေများစွာနဲ့ပေါ်တူဂီကို အ ကောင်းဆုံးဦးဆောင်ပေးခဲ့ပြန်ပါတယ်။

 

Most Read

Most Recent