စီရော်နယ်လ်ဒို၊ ကိုကာကိုလာ နဲ့ မီဒီယာ

စီရော်နယ်လ်ဒို၊ ကိုကာကိုလာ နဲ့ မီဒီယာ
Photos: AFP.Getty Images
Photos: AFP.Getty Images
Published 20 June 2021

ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့က သတင်းစာရှင်းလင်းပွဲကို တက်လာတဲ့ စီရော်နယ်လ်ဒိုရဲ့ Carbonated Soft Drink တွေအပေါ် အမြင်ကတော့ ရှင်းပါတယ်။ သူက အချိုရည်သမားမဟုတ်ဘူး။ သူက ရေသန့်သမား၊ ရေသမားစစ်စစ်ဖြစ် တယ်။ သူ တက်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ စပွန်ဆာကုမ္ပဏီတွေရဲ့ Soft Drink ပုလင်းတွေလည်း ရှိတတ်တယ်။ ဒီလိုပဲ ကျော်ဖြတ်သွားတာတွေလည်းရှိတယ်။ အခုကတော့ သူနဲ့အတူရှိမနေစေချင်ဘူးဆိုတဲ့ သဘောထားကို ပြသခဲ့တာဖြစ်ပြီး တွေးစရာ (၃)ခုရှိတယ်။ တစ်ခုက စီရော်နယ်လ်ဒို သတင်းစာရှင်းလင်းပွဲကို လာတဲ့အချိန်မှာ ရေဘူးပါလာတယ်။ သူဝင်လာတဲ့အချိန်မှာ ရေဘူးကို ချမယ့် နေရာမှာ အချိုရည်ပုလင်းနှစ်လုံးက ရှိနေတယ်။ ပထမတော့ သူ ဒီအတိုင်းချလိုက်သေးတယ်။ ဒါ ပေမဲ့ ထိုင်လိုက်တဲ့နေရာက သူနဲ့ သူ့ရဲ့ရေဘူးကြား မှာ Coca Cola နှစ်ဘူး ကြားခံသွားတယ်။ ဒီ တော့ သူက Coca Cola နှစ်ဘူးကို နေရာ က ဖယ်လိုက်ပြီး သူ့ရေဘူးကို ယူလိုက် တယ်။ ပြီးတော့ တစ်လက်စတည်း ရေပဲသောက်ကြဖို့ ပြောလိုက်တယ်။ ဒီလောက်ပဲ။ ဘာမှမပါတဲ့ အဖြူထည်သက်သက် ရိုးရိုးရှင်းရှင်းပဲ။

 

Most Read

Most Recent