နေပြည်တော်အဝင်အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နေပြီး Stay at Home မြို့နယ်များမှ လာရောက်သူများကို Quarantine ထားရှိ၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးလျက်ရှိ

နေပြည်တော်အဝင်အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နေပြီး Stay at Home မြို့နယ်များမှ လာရောက်သူများကို Quarantine ထားရှိ၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးလျက်ရှိ
Published 18 June 2021
အောင်မင်းသိန်း

နေပြည်​တော်အဝင်အထွက်ဂိတ်များတွင် ကျန်းမာ​ရေးစစ်​ဆေးမှုများပြလုပ်​နေသလို Stay at Home မြို့နယ်များမှလာ​ရောက်သူများကို Quarantine ထားရှိပြီး ဓာတ်ခွဲနမူနာရယူစစ်​ဆေးလျက်ရှိ​ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်​ရေး​​ကောင်စီ သတင်းထုတ်ပြန်​​ရေးအဖွဲ့က ​ပြောကြားသည်။

“ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနအ​နေနဲ့  COVID-19 ​ရောဂါ​စောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်းနှင့် တုံ့ပြန်​​ရေးလုပ်ငန်းများကို COVID-19 ​ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်နဲ့အညီစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာမှာ ​​နေပြည်တော်ကောင်စီနယ်​မြေမှာလည်း အထက်ပါလုပ်ငန်းများကို အထူးဦးစား​ပေး​ဆောင်ရွက်လျက်ရှိပါတယ်။ ယခုလက်ရှိအ​နေနဲ့​ နေပြည်​တော် ပြည်သူ့ကျန်းမာ​ရေး/ကုသ​ရေး ဦးစီးဌာနအ​နေနဲ့ ​နေပြည်တော်အဝင်အထွက် ဂိတ်များမှာ ကျန်းမာ​ရေးဝန်ထမ်းများက ခရီးသွားများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ​နေရပ်လိပ်စာရယူခြင်းနဲ့ Stay at Home မြို့နယ်များမှ လာ​ရောက်သူများအား ​နေပြည်​တော်စည်ပင် တည်းခို​ဆောင်များမှာ စနစ်တကျ Quarantine ထားရှိပြီး ဓာတ်ခွဲနမူနာရယူစစ်​ဆေးလျက်ရှိပါတယ်” ဟု သတင်းထုတ်ပြန်​ရေးအဖွဲ့က ​ပြောကြားသည်။

​နေပြည်​တော်​ကောင်စီနယ်​မြေအတွင်း၌ ခရီးသွားများမှတစ်ဆင့် COVID-19 ​ကူးစက်ပျံ့နှံ့မှုမရှိ​စေ​​ရေးအတွက် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနအ​နေဖြင့် နေပြည်​​တော်​ကောင်စီနှင့်ညှိနှိုင်း၍ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ​ဆောင်ရွက်မည့်​နေရာများကို သတ်မှတ်မည်ဟု သိရသည်။

“COVID-19 ​ရောဂါကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းလမ်းညွှန်များအား ပြန်လည်သုံးသပ်ကာ ဝင်ထွက်ဂိတ်များမှာ ပိုမိုအားဖြည့်​ဆောင်ရွက်သွားမည့် လုပ်ငန်းများက​တော့ ​​နေပြည်​တော်သို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ခရီးသွားပြည်သူများ လာ​​ရောက်ပါက ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းလမ်းညွှန်အတိုင်း ​ဆောင်ရွက်ပြီး ကိုယ်အပူချိန်မြင့်လာပါကလည်းကောင်း၊ သံသယလက္ခဏာ တွေ့ရှိရပါကလည်း​ကောင်း၊ လက်​ချောင်းထိပ်တွင် Pulse Oximeters ဖြင့် ​သွေးတွင်းအောက်ဆီဂျင် (SpO2) တိုင်းတာခြင်းများအား ​ဆောင်ရွက်ပြီး SpO2 ၉၂ ရာခိုင်နှုန်း​အောက်ရှိ​သော ခရီးသွားများအား ​ခေတ္တနား​နေ​စေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် ​သွေးတွင်း​​အောက်ဆီဂျင် ၉၂ ရာခိုင်နှုန်း​အောက်ရှိပါကလည်း​ကောင်း၊ RDT ဖြင့် စစ်​ဆေး​ဆောင်ရွက်မှာ ဖြစ်ပါတယ်။  RDT နဲ့ စစ်​ဆေးဖို့ လိုအပ်ပါက ​ဆေးစစ်ကုန်ကျစရိတ်ကို သကာယကံရှင်များက ပေး​ဆောင်ရပါမည်” ဟု ​သတင်းထုတ်ပြန်​ရေးအဖွဲ့က ပြောကြားထားသည်။

Stay at Home သတ်မှတ်ထား​သော မြို့နယ်များမှ ​​နေပြည်​တော်သို့ ဝင်​ရောက်လာသူများကို အသွားအလာကန့်သတ်မှု ၁၀ ရက် ထားရှိမည်ဖြစ်ပြီး သုံးရက်​မြောက်​နေ့တွင် ပထမအကြိမ် RDT Test Kit ဖြင့် စစ်​ဆေးခြင်းနှင့် ခုနစ်ရက်​မြောက်​နေ့တွင် ဒုတိယအကြိမ် RT_PCR ဖြင့် စစ်​ဆေးခြင်းများကို ​ဆောင်ရွက်မည်ဖြစ်​ကြောင်း၊ ထို့ပြင် COVID-19 ​ရောဂါဖြစ်ပွားမှု အ​ခြေအ​​နေများအား စဉ်ဆက်မပြတ်သုံးသပ်ပြီး လိုအပ်သည့် ကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းစဉ်များကို ဆက်လက်​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

Most Read

Most Recent