■ ကိုပါအမေရိကပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ကိုပါအမေရိကပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photos: Argentina National Football Team
Photos: Argentina National Football Team
Published 14 June 2021

အာဂျင်တီးနား - ချီလီ(မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် နံနက် ၃း၃၀ နာရီ)

ချီလီအသင်းက အာဂျင်တီးနားကို အဝေးကွင်းမှာ သရေကစားပြီး ဘိုလစ်ဗီးယားနဲ့ သရေထပ်ကျတယ်။ ဒါက ချီလီရဲ့ ပုံမှန်အနေအထားလို့တောင် ပြောနိုင်ပြီး ပြိုင်ဘက်အပေါ်လိုက်ကာ အသင်းစွမ်းဆောင်ရည်ကလည်း အတက်အကျများပါတယ်။ အာဂျင်တီးနားကတော့ နည်းပြ စကာလိုနီအဖို့ နေရာစုံမှာ ခေါင်းကိုက်စရာ ဖြစ်နေတယ်။ ဒါပေမဲ့ ကိုလံဘီယာနဲ့ကစားခဲ့တဲ့ ပွဲထွက်လူစာရင်းက သူ့အကြိုက်နဲ့လည်း အတော်လေးနီးစပ်နေလို့ ဒီပွဲမှာလည်း ဆက်သုံးဖို့များပါတယ်။ ဒီတစ်ပွဲတော့ အာဂျင်တီးနား အနိုင်ယူလိမ့်မယ်။

ပါရာဂွေး - ဘိုလစ်ဗီးယား(မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် နံနက် ၆း၃၀ နာရီ)

ဘိုလစ်ဗီးယားအသင်း လတ်တလောမှာ ရလဒ်တွေ ပြန်ကောင်းလာတယ်။ ဒါပေမဲ့ ကစားသမားပိုင်းကွာလို့ ပါရာဂွေးပဲ နိုင်ဖို့များတယ်။

Most Read

Most Recent