လော်တာရိုမာတီနက်ဇ်ကို ယူရိုသန်း(၉၀)ရလျှင် အင်တာမီလန်အသင်း လက်လွှတ်မည်

လော်တာရိုမာတီနက်ဇ်ကို ယူရိုသန်း(၉၀)ရလျှင် အင်တာမီလန်အသင်း လက်လွှတ်မည်
Photo: Getty Images
Photo: Getty Images
Published 10 June 2021

အင်တာမီလန်အသင်းသည် အသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို ယူရိုသန်း (၉၀) ရလျှင် လက်လွှတ်ဖွယ်ရှိနေကြောင်း Sky Sports Italia က ဖော်ပြခဲ့သည်။

အင်တာမီလန်အသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် ကစားသမားများကို ရောင်းထုတ်ဖွယ်ရှိနေပြီး ယင်းအချက်ကြောင့်ပင် ဆယ်စုနှစ်တစ်ခုကျော်အကြာတွင် စီးရီးအေချန်ပီယံဆုကို ပြန်လည်ရယူပေးခဲ့သည့် ကွန်တီနှင့် လမ်းခွဲရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အင်တာမီလန်ကစားသမားအချို့၏အနာဂတ်မှာ မရေမရာဖြစ်နေပြီး ယင်းအထဲတွင် လော်တာရိုမာတီနက်ဇ်လည်းပါဝင်ကြောင်း Sky Sports Italia က ဖော်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် လော်တာရိုမာတီနက်ဇ်အား ခေါ်ယူရန် စပိန်ထိပ်သီးအသင်းများဖြစ်သည့် ဘာစီလိုနာနှင့် အက်သလက်တီကိုအသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။

အက်သလက်တီကိုအသင်းသည် လာမည့်ရာသီတွင် အသင်း၏တိုက်စစ်ပိုင်းကို ဖြည့်တင်းရန်အတွက် လော်တာရိုမာတီနက်ဇ်ကို ပစ်မှတ်ထားနေပြီး ယူရိုသန်း(၅၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း အင်တာမီလန်အသင်းက ပယ်ချခဲ့ပြီး ၎င်းအတွက် ယူရိုသန်း (၉၀)အထိ အလိုရှိနေကြောင်း သိရှိရသည်။ 

Most Read

Most Recent