ပြင်သစ်အသင်းဗိုလ်စွဲနိုင်ခြေအရှိဆုံးဟု ရွန်နီ ထင်ကြေးပေး

ပြင်သစ်အသင်းဗိုလ်စွဲနိုင်ခြေအရှိဆုံးဟု ရွန်နီ ထင်ကြေးပေး
Photo: Getty Images
Photo: Getty Images
Published 7 June 2021

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက လာမည့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခြေအရှိဆုံးအသင်းမှာ ပြင်သစ်ဖြစ်သည်ဟု ထင်ကြေးပေးခဲ့သည်။

ရွန်နီသည် ယူရိုပြိုင်ပွဲ၏ အလားအလာနှင့်ပတ်သက်၍ The Times   တွင် ရေးသားရာ၌ ''အင်္ဂလန်က ထိပ်ဆုံး(၄)သင်းထဲမှာ ရပ်တည်နိုင်မှာဖြစ်သလို၊ ပေါ်တူဂီနဲ့ ဘယ်လ်ဂျီယံလည်း အဲဒီစာရင်းထဲ ရှိနေမှာပါ။ ဒါပေမဲ့ ကျွန်တော်အကြိုက်ဆုံးကတော့ ပြင်သစ်ပါပဲ။ ဘာပေ၊ ကွန်တေ၊ ဘန်ဇီမာ၊ ဂရီးဇ်မန်း၊ ပေါ့ဘာ၊ ဗာရန်း၊ လိုရစ် စတဲ့ သူတို့ရဲ့ကစားသမားတွေကို ကြည့်လိုက်ပါ။ ပြင်သစ်အသင်းက အရည်အသွေးရော အတွေ့အကြုံပါမြင့်မားပြီး ကမ္ဘာ့ဖလားချန်ပီယံဆုလည်း လောလောလတ်လတ်ရရှိထားပါတယ်။ သူတို့ ချန်ပီယံဖြစ်ဖို့အတွက် ဘာပြဿနာမှ ရှိမနေပါဘူး''ဟု ဆိုခဲ့သည်။

Most Read

Most Recent