ဖမ်းဆီးထိန်းသိမ်းခံထားရသော သရုပ်ဆောင်ဇင်ဝိုင်း ပြန်လည် လွတ်မြောက်

ဖမ်းဆီးထိန်းသိမ်းခံထားရသော သရုပ်ဆောင်ဇင်ဝိုင်း ပြန်လည် လွတ်မြောက်
Published 7 June 2021

ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ သရုပ်ဆောင် ဦးဇင်ဝိုင်းသည် ယနေ့ (ဇွန် ၇ ရက်) တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် ဦးဇင်ဝိုင်း၏ Facebook အကောင့်ဖြစ်သော Htay Lwin Facebook Account တွင် “ကျွန်တော် အိမ်ပြန်ရောက်ပါပြီ” ဟု ရေးသားထားသည်ကိုလည်း တွေ့ရသည်။ ယင်းအပြင် သားဖြစ်သူ သရုပ်ဆောင် မင်းမော်ကွန်း၏ Facebook Account ဖြစ်သော Min MawKunn ဆိုသည့် Facebook အကောင့်တွင် အဖေလွတ်ပြီတဲ့ ဆိုပြီး ရေးသားထားသည်။

သရုပ်ဆောင် ဦးဇင်ဝိုင်း ပြန်လည်လွတ်မြောက်လာခြင်းကို ပရိသတ်များမှ ဝမ်းသာကြောင်းနှင့် ကျန်းမာရေးအတွက် ဆုတောင်းစကားများ ပြောကြသည်ကို တွေ ့ရသည်။ ဦးဇင်ဝိုင်း ကဲ့သို ့တစ်ခြားသော အနုပညာရှင်များကိုလည်း ပြန်လည် လွတ်မြောက်စေရန် ပရိသတ်များမှ  ဆုတောင်းစကားများ ပြောကြားထားကိုလည်း တွေ့ရသည်။

သရုပ်ဆောင် ဦးဇင်ဝိုင်းသည် ကျန်းမာရေးအခြေအနေကြောင့် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးမှ အနားယူခဲ့ခြင်းဖြစ်ပြီး ဦးဇင်ဝိုင်း အနားယူပြီးနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌရာထူးအား သရုပ်ဆောင် လူမင်းနှင့် ဒါရိုက်တာ ညီညီထွန်းလွင်တို့မှ တာဝန်ယူခဲ့ကြကြောင်း သိရသည်။