လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနှင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရန် PPST ဆုံးဖြတ်

လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနှင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရန် PPST ဆုံးဖြတ်
Photo: NCA-S EAO Facebook
Photo: NCA-S EAO Facebook
Published 28 May 2021

လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပ သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အ စည်းအဝေးက ဆုံးဖြတ်နိုင်ခဲ့ကြောင်း PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ အစည်းအဝေးကို မေ ၂၇ ရက် နှင့် ၂၈ ရက်တို့တွင်ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး နိဂုံးချုပ်မိန့် ခွန်းပြောကြားရာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) ဥက္ကဋ္ဌ၊ PPST ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ထိုသို့ ပြောကြားခြင်းဖြစ်ကြောင်း NCA-S EAO က သတင်းထုတ်ပြန်သည်။

“လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေ ရှင်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပသက် ဆိုင်ရာအဖွဲ့အစည်းများ အားလုံးနဲ့ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားနိုင်ဖို့ ဆုံးဖြတ်နိုင် ခဲ့ပါတယ်” ဟု PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

ထို့ပြင် လက်ရှိ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှနေ၍ NCA အသိသက်သေနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ကြားဝင်ဖျန်ဖြေစေ့စပ် ခြင်းကိစ္စကို PPST အစည်းအဝေးတွင် အ ကျေအလည်ဆွေးနွေးပြီး လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

PPST အဖွဲ့၏ ယခု အစည်းအဝေးတွင် ဖက်ဒရယ်အခြေခံမူ ရေးဆွဲရေးအလုပ်အဖွဲ့ ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး PPST ၏ ဖက်ဒရယ်အခြေခံမူကို လာမည့်အစည်းအဝေးတွင် တင်ပြအတည်ပြုချက်ရယူသွားရန် ဆုံးဖြတ်နိုင်ခဲ့သကဲ့သို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ (FRC ) ၏ လုပ်ငန်းဆောင်ရွက် ချက်အပေါ် သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်း စဉ်များကို ချမှတ်ပေးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ် ကြီး ယွက်စစ်က ပြောကြားသည်။

ယခုအစည်းအဝေးတွင် ဥပဒေလေ့လာ ရေးအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပေး နိုင်ခဲ့ပြီး လက်ရှိကာလဖြစ်ပေါ်နေသော အ ခြေအနေအရပ်ရပ်အပေါ်မူတည်၍ လုပ်ငန်း များကိုဆောင်ရွက်ရာတွင် သတိပြုဆောင် ရွက်ကြရန် ဗိုလ်ချုပ်ကြီး ယွက်စစ်က သတိ ပေးပြောကြားသည်။

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့တွင် ဧပြီ ၂၄ ရက်က ပြုလုပ်ခဲ့သော အာဆီ ယံခေါင်းဆောင်များ အထူး အစည်းအဝေး၏ ဘုံသဘောထားတူညီချက် ငါးချက်ကို အ ကောင်အထ ည်ဖော်ဆောင်ရွက်ရန်အတွက် အာဆီယံ၏ ကြိုးပမ်းမှုကို နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက လက်ရှိအချိန်အထိ ပူး ပေါင်းဆောင်ရွက်မှုမပြုနိုင်ခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းသောနည်း လမ်းဖြင့် ဖြေရှင်းနိုင်ရေး အဟန့်အတားဖြစ် စေခဲ့ကြောင်းလည်း မေ ၂၇ ရက်က PPST အစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားရာ တွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့ သည်။

Most Read

Most Recent