CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထုတ်ပယ်ခံရသော မြန်မာသံတမန် နှစ်ဦးကို တိုကျိုတွင် ဆက်လက်နေထိုင်ခွင့်ပေးရန် ဂျပန်အစိုးရ စီစဉ်

CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထုတ်ပယ်ခံရသော မြန်မာသံတမန် နှစ်ဦးကို တိုကျိုတွင် ဆက်လက်နေထိုင်ခွင့်ပေးရန် ဂျပန်အစိုးရ စီစဉ်
Published 28 May 2021
Ref: Japan Today

CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် ထုတ်ပယ်ခံခဲ့ရသည့် မြန်မာသံတမန်နှစ်ဦးအနက်တစ်ဦးသည် ၎င်း၏အထောက်အထားများ တစ်လကျော်အတွင်း သက်တမ်း ကုန်ဆုံးတော့ဖြစ်သော်လည်း ဂျပန်အစိုးရက ၎င်းသံတမန်နှစ်ဦးကို တိုကျိုတွင် ဆက်လက်နေထိုင်ခွင့်ရအောင် စီစဉ်ပေးနေကြောင်း ဂျပန်အွန်လိုင်းသတင်းစာ Japan today က ဖော်ပြခဲ့သည်။

အသက် ၅၁ နှစ်အရွယ် ဦးအောင်စိုးမိုး နှင့် အမည်မဖော်လိုသည့် သံတမန်တစ်ဦးတို့ အတွက် နေထိုင်ခွင့်များကို ဂျပန်အစိုးရက စီစဉ်ပေးနေသည်ဟုဆိုသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပေးထားသည့် ဦးအောင်စိုးမိုး၏ သံတမန် ဆိုင်ရာအထောက်အထားများသည်  ဇူလိုင် ၁၅ ရက်၌ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ထိုသို့ သက်တမ်းကုန်မည်ဖြစ်သော် လည်း အဆိုပါသံတမန်နှစ်ဦးအား တိုကျိုတွင် တရားဝင်နေထိုင်ခွင့်ရအောင် ဂျပန်အစိုးရက စီစဉ်ပေးနေခြင်းဖြစ်ပြီး ၎င်းတို့၏အထောက် အထားများကို ပြန်လည်ထုတ်ပေးနိုင်ခြင်းရှိ မရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆွေးနွေးမည်ဟု ဆိုသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေ ဖြင့် ၎င်းင်းသံတမန်နှစ်ဦး၏ ဃြီ လှုပ်ရှားမှု များသည် ဆီလျော်မှုမရှိဟု မယူဆခြင်း ကြောင့် ဂျပန်အစိုးရအနေဖြင့် ၎င်းင်းတို့၏ဗီဇာ များကို ရုပ်သိမ်းမည်မဟုတ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီး တိုရှီမစ်ဆုမိုမီဂျီက လွန်ခဲ့သည့်သီ တင်းပတ်တွင် ပြောကြားခဲ့သည်။

“ဒါပေမဲ့ မြန်မာနိုင်ငံက အခြေအနေ တွေပြောင်းလဲတာကို မိမိတို့စောင့်ကြည့်နေရင်း ၎င်းတို့ရဲ့ သံတမန်ရာထူးတွေကို ဆုံးဖြတ်သွားမှာဖြစ်တယ်” ဟု နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုမီဂျီက ဆိုသည်။

မြန်မာသံတမန်နှစ်ဦးသည် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်နောက်ပိုင်း CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကာ မတ် ၆ ရက် က CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီးနောက် ပိုင်းတွင် တိုကျိုရှိ မြန်မာသံရုံးဝင်းထဲသို့ ဝင်ရောက်ခွင့်တားမြစ်ခံခဲ့ရခြင်းဖြစ်သည်။

မတ် ၁၁ ရက်တွင် သံရုံးဝင်းထဲမှ ထွက်ခွာလာခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးသည် ဂျပန်ရောက်မြန်မာများ၏အထောက်အပံ့ဖြင့် တိုကျိုတွင် သီးခြားနေထိုင်နေခဲ့ကြခြင်းဖြစ်သည်။           

Most Read

Most Recent