ရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းအစည်းအဝေးသို့ ပါတီကိုယ်စားပြု တက်ရောက်ရန် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တာဝန်ပေးထားခြင်းမရှိကြောင်း CNLD ပါတီ ထုတ်ပြန်

ရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းအစည်းအဝေးသို့ ပါတီကိုယ်စားပြု တက်ရောက်ရန် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တာဝန်ပေးထားခြင်းမရှိကြောင်း CNLD ပါတီ ထုတ်ပြန်
Published 22 May 2021

မေ ၂၁ ရက်တွင် ပြုလုပ်သည့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံ ရေးပါတီများ ညှိနှိုင်းအစည်းအဝေးသို့ ပါတီ ကိုယ်စားပြုတက်ရောက်ရန်  မည်သူတစ်ဦး တစ်ယောက်ကိုမျှ တာဝန်ပေးထားခြင်းမရှိ ကြောင်း ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) က မေ ၂၂ ရက်တွင် ထုတ်ပြန်သည်။

ကော်မရှင်အစည်းအဝေး တက်ရောက် မည်မဟုတ်ကြောင်း ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီက  ရွေးကောက်ပွဲ ကော်မရှင်ကို မေ ၁၇ ရက်တွင် အကြောင်းကြားထားသော်လည်း မေ ၂၁ ရက် အစည်းအဝေးသို့ ပါတီအတိုင်ပင်ခံပုဂ္ဂိုလ် ပူးနိုထန်ကပ် တက်ရောက်ခဲ့ကြောင်း သိရသည်။

“သူ ဘယ်လိုတက်ရောက်သွားလဲ မသိ ဘူး။ ကျွန်တော်တို့ကတော့ မသွားဖို့ ဆုံးဖြတ် ထားတယ်။ UEC ကိုလည်း အချိန်မီစာနဲ့ သော်လည်းကောင်း email နဲ့သော်လည်း ကောင်း ပို့ထားပြီးပြီပေါ့။ သူဘယ်လို တက် ရောက်သွားလဲဆိုတာတော့ ပြောဖို့တော် တော်ခက်သွားတာပေါ့နော်” ဟု  CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းပီပီ က ပြောကြားသည်။

CNLD ပါတီမှ ကိုယ်စားလှယ် တစ်ဦး ကော်မရှင်အစည်းအဝေး တက်ရောက်ရန် ကော်မရှင်စီစဉ်ပေးသည့် ဟိုတယ်တွင် ရောက်ရှိနေကြောင်း  အကြောင်းကြားလာမှု အပေါ် ပါတီကိုယ်စားပြု တက်ရောက်ခြင်း မဟုတ်ကြောင်း ပြန်လည်အကြောင်းကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

CNLD ပါတီအနေဖြင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းနှင့် ချင်းပြည်နယ်အတွင်း   ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် ကော်မရှင် ဖိတ်ကြားသည့် အစည်းအဝေးသို့ မတက်ရောက်ခြင်းဖြစ်ကြောင်း ပါတီထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်မရှင်အစည်းအဝေးတက်ရောက်ခဲ့သည့် ပါတီအတိုင်ပင်ခံ ပူးနိုထန်ကပ်သည် မတ် ၃၁ ရက်နေ့စွဲဖြင့် ပါတီမှ နုတ်ထွက်စာ ကို မေ ၂၁ ရက် ညပိုင်းတွင် ပါတီအား ပေးပို့ လာပြီး အဆိုပါ နုတ်ထွက်စာနှင့် စပ်လျဉ်း၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ခေါ်ယူဆုံးဖြတ်မည်ဟု ဆလိုင်းပီပီက ဆို သည်။

“ဒါကတော့  လုပ်ထုံးလုပ်နည်းပါပဲ။  အသစ်အဆန်း  မဟုတ်ပါဘူး။ ပါတီရဲ့မူဝါဒ၊   လုပ်ထုံးလုပ်နည်း စည်းမျဉ်းအတိုင်း လုပ် သွားမယ်ဆိုတဲ့ သဘောပါ” ဟု CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းပီပီ က ပြောကြားသည်။

ကော်မရှင်အစည်းအဝေး တက်ရောက်ခဲ့သည့် ပူးနိုထန်ကပ်မှာ ချင်းပါတီ သုံးပါတီ ပူးပေါင်း၍ CNLD ပါ တီ တည်ထောင်စဉ် ပါတီပူးတွဲဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ဖေဖော်ဝါ ရီလအတွင်း ကျင်းပသည့်ပါတီညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေး ချယ်စဉ် ပါတီအတိုင်ပင်ခံအဖြစ် ရွေးကောက် ခံရကြောင်း သိရသည်။

လတ်တလောတွင် ပူးနိုထန်ကပ်အပါ အဝင် CNLD ပါတီမှ နုတ်ထွက်ထားသူ သုံးဦး ရှိပြီးဖြစ်ပြီး ပါတီဥက္ကဋ္ဌမှာ ဦးငိုင်ဆာခ့် ဖြစ် သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တည်ဆဲနိုင်ငံရေးပါတီ ၉၃  ပါတီ အနက် ယာယီရပ်ဆိုင်းထားသည့်ပါတီ နှစ်ခု မှလွဲ၍ ၉၁ ပါတီအား အစည်းအဝေးတက် ရောက်ရန်  ဖိတ်ကြားခဲ့ရာ  ၅၉  ပါတီ တက် ရောက်ခဲ့ကြောင်း သိရသည်။

မေ ၂၁ ရက်တွင် နေပြည်တော်ရှိ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြု လုပ်သည့် နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းအစည်းအဝေးမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် အချိုးကျကိုယ် စားပြုစနစ် (PR) ကျင့်သုံးနိုင်ရေးကိစ္စရပ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent