CDM လှုပ်ရှားမှုနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်း ၁၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း သူနာပြု ၁၀ ဦးအား ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်

CDM လှုပ်ရှားမှုနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်း ၁၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း သူနာပြု ၁၀ ဦးအား ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်
Published 21 May 2021

CDM လှုပ်ရှားမှုနှင့်ပတ်သက်၍  ပညာရေးဝန်ထမ်း ၁၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း သူနာပြု ၁ဝဦးအား ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ကြောင်း မေ ၂၁ ရက် ညပိုင်းတွင် MWD သတင်း ကြေညာချက်အရ သိရသည်။

အဆိုပါပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်း သူနာပြုများသည် CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန်လှုံဆော်ခြင်း၊ ၄င်းတို့ကိုယ်တိုင်CDMလှုပ်ရှားမှုများတွင်ပါဝင် ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ မတရားအသင်းအဖြစ် သတ်မှတ်ထားသည့် CRPH ကို အားပေး ထောက်ခံခြင်းတို့ ဆောင်ရွက်လျှက်ရှိခြင်းတို့ကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း   သတင်းထုတ်ပြန်မှုအရသိရသည်။

အဆိုပါ  ပုဒ်မ ၅၀၅-က ဖြင့် အမှု ဖွင့်ခံထားရသည့် ပညာရေးဝန်ထမ်း ၁၀ ဦးမှာ လောင်းလုံးမြို့နယ်၊ အထက(လောင်းလုံး)မှ အလယ်တန်းပြနှစ်ဦး၊ ဘုရားသုံးဆူမြို့ အထက အလယ်တန်းပြတစ်ဦး၊ ပေါက်မြို့ အထက-ခွဲ(ပေခုနစ်ပင်) အလယ်တန်းပြတစ်ဦး၊ သုံးခွမြို့နယ် အလခ-ခွဲ(နန်းခလဲ)အလယ်တန်းပြတစ်ဦး၊ သံဖြူဇရပ်မြို့ မူလွန်(ကြံ့ခိုင်ရေး) အလယ်တန်းပြတစ်ဦး၊ မြဝတီမြို့ အထက(၁) အလယ်တန်းပြတစ်ဦး၊ ပလောက်မြို့ အလကခွဲ အလယ်တန်းပြတစ်ဦး၊ စစ်ကိုင်းမြို့ အမက(၁) မူလတန်းပြတစ်ဦး၊ မြင်းခြံမြို့ မြင်းခြံတက္ကသိုလ် စာရင်းကိုင်တစ်ဦး တို့ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကျန်းမာရေးဝန်ထမ်း အထက်တန်းသူနာပြုများအပါအဝင် သူနာပြု ၁၀ ဦးမှာ အောင်ဘာတိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြုတစ်ဦး၊ မြဝတီပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြုတစ်ဦးနှင့် သူနာပြုတစ်ဦး၊ နမ့်စန်ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြုနှစ်ဦး၊ ဖိုးဦးစိန်တိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြုတစ်ဦး၊ ပေါင်းလောင်းတိုက်နယ်ဆေးရုံမှ သူနာပြုတစ်ဦး၊ ကော့သောင်းပြည်သူ့ဆေးရုံမှ သူနာပြုတစ်ဦး၊ ကျုံပျော်ပြည်သူ့ဆေးရုံမှ သူနာပြုတစ်ဦး၊ မြိတ်ပြည်သူ့ဆေးရုံမှ သူနာပြုတစ်ဦးတို့ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ကြောင်း MWD သတင်းကြေညာချက်အရ သိရသည်။

 

Most Read

Most Recent