■ (၄)ပွဲဆက်နိုင်ပွဲနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပိုမိုနီးစပ်လာတဲ့ လီဗာပူးလ်

■ (၄)ပွဲဆက်နိုင်ပွဲနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပိုမိုနီးစပ်လာတဲ့ လီဗာပူးလ်
Published 20 May 2021

ဘန်လေ ၀-၃ လီဗာပူးလ်

လီဗာပူးလ်အသင်းက ဒီပွဲမှာတော့ အခက်အခဲမရှိတော့ဘဲ လိဂ်ပွဲ (၄)ပွဲဆက်နိုင်ပြီး အမှတ်ပေးဇယား အဆင့်(၄)နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ အခုရာသီမှာ လီဗာပူးလ်အသင်းအတွက် ပထမဆုံးအကြိမ် (၄)ပွဲဆက် အနိုင်ရခဲ့တာလည်းဖြစ်တယ်။ နောက်ဆုံးပွဲမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အိမ်ကွင်းကစားရမှာဖြစ်လို့လည်း လီဗာပူးလ်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်က သိပ်ပူပန်စရာ မရှိတော့ပါဘူး။  

လီဗာပူးလ်အတွက် အဖွင့်ဂိုးကို ပထမပိုင်းပြီး ခါနီး(၄၃)မိနစ်ရောက်မှ ရရှိခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ဖေမီနိုက သွင်းယူပေးခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ နာသန်ဖီးလစ်က (၅၂)မိနစ်မှာ မာနေရဲ့ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းခဲ့တာဖြစ်တယ်။

ကာဘက်ခ် ဒဏ်ရာရနေလို့ လီဗာပူးလ်နောက်တန်းမှာ နာသန်ဝီလျံနဲ့ ရီးဝီလျံစ်ကိုတွဲကာ ပွဲထုတ်ခဲ့ရပြီး ဘန်လေကလည်း အားမထုတ်တော့လို့ အခက်အခဲ သိပ်မရှိခဲ့ပါဘူး။ လီဗာပူးလ်ရဲ့တတိယဂိုးကိုတော့ ချိန်ဘာလိန်က (၈၈)မိနစ်မှာသွင်းယူပြီး ဘန် လေအသင်းကို ကလပ်စံချိန်တင် အိမ်ကွင်းလိဂ်ပွဲ (၁၀)ပွဲဆက် နိုင်ပွဲပျောက်စေခဲ့ပါတယ်။

 

Most Read

Most Recent