မြောက်ဦးတွင် ရဲတပ်ဖွဲ့၏ ခေတ်မီလက်နက်များ လေ့ကျင့်ပစ်ခတ်မှုအစီအစဉ် ပြန်လည်ရုပ်သိမ်း

မြောက်ဦးတွင် ရဲတပ်ဖွဲ့၏ ခေတ်မီလက်နက်များ လေ့ကျင့်ပစ်ခတ်မှုအစီအစဉ် ပြန်လည်ရုပ်သိမ်း
Published 19 May 2021

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရဲတပ်ဖွဲ့က မေ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ခေတ်မီလက်နက်များ လေ့ကျင့်ပစ်ခတ်မှု အစီအစဉ်အား ပြန်လည်ရုပ်သိမ်းထားကြောင်း ဒေသတွင်းသတင်းဌာနအချို့က သတင်းဖော်ပြထားသည်။

မြောက်ဦးမြို့နယ် ရွာဟောင်းတော ကျေးရွာအုပ်စု ခေါင်းဖြူတောင်ကွင်းရှိ လက်နက်လေ့ကျင့်ပစ်ခတ်မှု ပြုလုပ်မည့်နေရာသို့ လူ၊ ကျွဲ/နွားများ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် မြောက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က မြောက်ဦးမြို့နယ်ရှိ လက်ကောက်စျေး၊ ရွာဟောင်းတောနှင့် ဆင်အိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ မေ ၁၂ ရက် ရက်စွဲဖြင့် စာပေးပို့ထားသည်။

အဆိုပါစာတွင် အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား မေ ၁၀ ရက်မှ ၂၁ ရက်အထိ ခေတ်မီလက်နက်များ စနစ်ကျ ထားသိုထိန်းသိမ်းရေးနှင့် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြု ပစ်ခတ်နိုင်ရေးသင်တန်းအား သင်တန်းသားအရာရှိ၊ အခြားအဆင့် ၅၀ ဦးဖြင့် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါသင်တန်းတွင် လေ့ကျင့်ပစ်ခတ်မှုများ ပြုလုပ်မည်ဖြစ်သဖြင့် ပစ်ခတ်မှုဖြစ်စဉ်များကို မေ ၁၉ ရက်မှ ၂၀ ရက်အထိ မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာအုပ်စု ခေါင်းဖြူတောင်ကွင်းတွင် လေ့ကျင့်ပစ်ခတ်မည် ဖြစ်သောကြောင့် သတ်မှတ်ရက်ထက် နှစ်ရက်ကြိုတင်၍ ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများအနေဖြင့် ခေါင်းဖြူတောင် ကွင်းအနီးသို့ သစ်၊ ၀ါး၊ ထင်းများ ခုတ်ယူရန် ဖြတ်သန်းသွားလာခြင်း မပြုလုပ်စေရေး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ အသိပေး အကြောင်းကြားသွားရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent