လာမည့်အပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားအချို့ကိုရောင်းချဖွယ်ရှိသည်ဟု ဂွါဒီယိုလာ အရိပ်အမြက်ဖွင့်ဟ

လာမည့်အပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားအချို့ကိုရောင်းချဖွယ်ရှိသည်ဟု ဂွါဒီယိုလာ အရိပ်အမြက်ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 19 May 2021

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းမှကစားသမားအချို့ကို ရောင်းချသွားဖွယ်ရှိသည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။

ဗြိတိန်သတင်းစာ Daily Mial နှင့်တွေ့ဆုံမှုတွင် အသင်း၌ မပျော်မရွှင်ဖြစ်နေသည့် ကစားသမားများကို ရေရှည်ထိန်းသိမ်းနိုင်ရန် ခက်ခဲသည်ဟု ဂွါဒီယိုလာက ဝန်ခံခဲ့သောကြောင့် နွေရာသီကာလတွင် ကစားသမားအချို့ကို ရောင်းချဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။ 

လက်ရှိအမာခံကစားသမားများထဲမှ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေသည့် လာပေါ့တ်၊ စတာလင်စသည့် ကစားသမားများ၏ အနာဂတ်မှာလည်း မသေမချာဖြစ်နေကြောင်း သိရသည်။ လာပေါ့တ်မှာ ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူခဲ့ရပြီး ဒီယက်စ်-စတုန်းစ်အတွဲ ခြေစွမ်းပြနေမှုသဖြင့် ပုံမှန်နေရာပျောက်ဆုံးလျက်ရှိသည်။ 

စတာလင်မှာမူ ဒုတိယရာသီဝက်တွင် ခြေစွမ်းကျဆင်းမှုကြောင့် ပုံမှန်ပွဲထွက်ခွင့်ရရန် အာမခံချက်မရှိတော့ကြောင်း သိရသည်။

 

Most Read

Most Recent