ကိုပါအီတာလီယာ ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ကိုပါအီတာလီယာ ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 19 May 2021

အတ္တလန်တာ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် မေလ ၂၀ ရက် နံနက် ၁:၃၀ နာရီ)



ဂျူဗင်တပ်စ်အသင်းက နောက်ဆုံးပွဲမှာ စီးရီးအေချန်ပီယံ အင်တာမီလန်ကို အနိုင်ကစားထားပေမဲ့ အသင်းရဲ့အရှိန်အဝါက အတော်လေးကျဆင်းနေတယ်။ နည်းပြ ပီယာလိုက ရာသီကုန်ဆုံးတော့မယ့်အချိန်အထိ စီရော်နယ်လ်ဒိုကို အထောက်အကူ ဖြစ်စေမယ့် တိုက်စစ်အင်အားစုကို မတည်ဆောက်နိုင်ခဲ့ဘူး။ ဒီပွဲမှာလည်း ဘယ်လိုအတွဲအဖက်ကိုပဲသုံးသုံး အတ္တလန်တာနဲ့ ယှဉ်ရင်တော့ အနည်းငယ်နိမ့်နေတယ်။ အတ္တလန်တာက အခုရာသီ ဂျူဗင်တပ်စ်နဲ့တွေ့ဆုံမှု (၂)ကျော့စလုံးမှာ ၃-၄-၁-၂ ကစားကွက်ကို အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ မာလင်နော့ဗ်စကီးနဲ့ အံ့ကိုက်မယ့် ၃-၄-၂-၁ နဲ့ပဲ ပွဲထွက် လာဖို့များတယ်။ အတ္တလန်တာနဲ့နောက်ပိုင်းတွေ့ဆုံမှုတွေမှာ ဂျူဗင်တပ်စ်တို့ ရုန်းကန်ရလေ့ရှိပြီး နောက်ဆုံး(၇)ပွဲမှာလည်း (၁)ပွဲအနိုင်ရခဲ့တယ်။ သာမန်ပွဲကစားချိန်အတွင်း ရှုံးဖို့မရှိတဲ့ အတ္တလန်တာကိုပဲ ပိုကြိုက်တယ်။



■ အတ္တလန်တာအသင်းသည် ၁၉၆၃ ခုနှစ်က ဗိုလ်လုပွဲတစ်ကြိမ် တက်ရောက်ဖူးပြီး ချန်ပီယံဖြစ်ထားခဲ့သည်။

■ ဂျူဗင်တပ်စ်အသင်းသည် ကိုပါအီတာလီယာ နောက်ဆုံး(၉)ပွဲဆက်တိုက်(ပယ်နယ်တီမပါ) ရှုံးပွဲမရှိ ကစားထားသည်။

Most Read

Most Recent