ရက်ပေါင်း ၉၀ နှင့်အထက် မဲဆန္ဒနယ် ပြင်ပရောက်နေသော  မဲဆန္ဒရှင်များ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် မဲပေးခွင့်ကို ပယ်ဖျက်ခြင်း အပါအဝင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေအချို့  ပြင်ဆင်ရန်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား

ရက်ပေါင်း ၉၀ နှင့်အထက် မဲဆန္ဒနယ် ပြင်ပရောက်နေသော  မဲဆန္ဒရှင်များ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် မဲပေးခွင့်ကို ပယ်ဖျက်ခြင်း အပါအဝင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေအချို့  ပြင်ဆင်ရန်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား
Published 16 May 2021

ရက်ပေါင်း ၉၀ နှင့်အထက် မဲဆန္ဒနယ် ပြင်ပရောက်နေသော မဲဆန္ဒရှင်များ သက်ဆိုင်ရာမဲဆန္ဒနယ်တွင် မဲပေးခွင့်ကို ပယ်ဖျက်ခြင်းအပါအဝင် ရွေးကောက်ပွဲဥပဒေ ၊ နည်းဥပဒေအချို့  ပြင်ဆင်ရန်ရှိကြောင်း ပြည်   ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည် ။

နေပြည်တော်တွင် မေ ၁၅ ရက် မွန်းလွဲ ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင်  ဦးခင်မောင်ဦး က ထိုသို့ပြောကြားခြင်းခြင်းဖြစ်သည်။

ရက်ပေါင်း ၉၀ နှင့်အထက် မဲဆန္ဒနယ် ပြင်ပရောက်နေသောသူသည်  မူလနေရာ၏ မဲစာရင်းတွင် ပါဝင်နေသကဲ့သို့ လက်ရှိ ရောက်နေသောနေရာ၏ မဲစာရင်းတွင်လည်း ပါဝင်နေသည့်အတွက် မဲပေးခွင့်နှင့် မဲစာရင်း များ ဖောင်းပွနေသည့်အပြင် တိုင်းရင်းသား များကလည်း မဲဆန္ဒနယ်ပြင်ပရောက်နေ သောသူ၏မဲကြောင့် သက်ဆိုင် ရာမဲဆန္ဒနယ် ရှိ မဲဆန္ဒရှင်များ၏ သဘောထားဆန္ဒနှင့် ကွာ ဟမှုရှိကြောင်းကို တင်ပြမှုများရှိနေသည်ဟု ၎င်းက ဆိုသည်။

“ဒါကြောင့် ရက် ၉၀ နဲ့အထက် မဲဆန္ဒ နယ် ပြင်ပရောက်နေတဲ့ မဲဆန္ဒရှင်တွေ သက်ဆိုင်ရာမဲဆန္ဒနယ်မှာ မဲပေး ခွင့်ဆိုတဲ့ကိစ္စဟာ လည်း ပယ်ဖျက်ဖို့အထိ ကျွန်တော်တို့ စဉ်းစားနေပါတယ်။ ဒီလို ပယ်ဖျက်ပြီးခါကျမှဆို ရင်​တော့ ကျွန်တော်တို့ သူနဲ့ဆက်စပ်နေတဲ့ ဥပဒေ၊ နည်းဥပဒေ ဒါတွေကိုလည်း ကျွန် တော်တို့ ပြင်ဆင်ဖို့  လိုအပ်ပါတယ်”ဟု  ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည် ။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသော ချို့ယွင်းချက် အားနည်းချက်များအပေါ် သုံးသပ်၍ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်နိုင်ရေး သုံး သပ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည် ။

“ရွေးကောက်ပွဲမှာ မဲစာရင်းနဲ့ပတ်သက် လို့ မဲစာရင်း ကျွန်တော်တို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများပေါ့။ ဒီဟာနဲ့ပတ်သက်လို့ရှိရင်လည်း ပြဋ္ဌာန်းထားတာကတော့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီးခါ ကျမှ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ၊​ နောက်ပြီးခါကျမှ  မဲစာရင်းမှာ ပါဝင်သူဆိုရင် မဲပေးလို့ရတာဖြစ်ပါတယ်။ သို့သော်လည်း တကယ်တမ်းဆောင်ရွက်တဲ့ အခါမှာ တကယ်ကတော့ ကျွန်တော်တို့ နည်း ဥပဒေအရ ဒီနိုင်ငံသား၊ ဧည့်နိုင်ငံသား၊  နိုင်ငံ သားပြုခွင့်ရသူဆိုတာက ဒီလက်မှတ်သက်​သေခံကတ်ပြားတွေ၊ သက်သေခံလက်မှတ် တွေရှိမှသာ တိကျမှန်ကန်မှာဖြစ်ပါတယ်။ အသက်လည်း တိကျမယ်။ နောက်ပြီးခါကျမှ နိုင်ငံသားလည်း တိကျမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ မှာ ဒီလက်မှတ်တွေ ကိုင်ဆောင်တဲ့သူဆိုတာ ထည့်သွင်းဖို့ ကျွန်တော်တို့ စဉ်းစားသုံးသပ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဦးခင်မောင်ဦးက ပြောကြားသည်။

မဲစာရင်းပြုစုခြင်းအပိုင်းတွင်လည်း ဥပဒေအရ မဲစာရင်းများကို ရပ်ကျေးနှင့် မြို့ နယ်ကော်မရှင်က ပြုစုရခြင်း ဖြစ်ပြီး ထိုသို့ ပြုစုရာတွင်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူး က ကောက်ယူထားသော လူဦးရေစာရင်းနှင့် လဝက၏ လူဦးရေစာရင်းကို အခြေခံ၍ ပြုစု ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် တကယ်တမ်း ကောက်ခံပြုစုရာတွင် ရပ်ကျေးက တာဝန်ယူပြီး အဓိက ဆောင်ရွက်သည့်အခါ မှားယွင်းမှုများစွာ ကြုံတွေ့ရသည့်အတွက် ပိုပြီးစနစ်ကျစေရန် မဲစာရင်းပြုစုသည့်အခါ မြို့နယ်က တာဝန်ခံပြီး သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လဝကတို့၏ အကူအညီကို ရယူ၍ မဲစာရင်းကောက်ခံပြုစုရန် စီစဉ် ဆောင်ရွက်နေကြောင်း ၎င်းင်းကဆိုသည်။

“ဒီလိုပြုစုတဲ့အခါမှာလည်း ခုနကလို ဆန္ဒမဲသက်သေခံကတ်ပြားလည်း ရှိမယ်။ နောက်ပြီးတော့ ဒီနယ်မြေဒီဒေသမှာ အမှန် တကယ်နေထိုင်ကြောင်း အိမ်ထောင်စုစာ ရင်းတွေလည်း ရှိရမယ်။ အဲဒါဆိုရင် ကျွန် တော်တို့ ရပ်ကျေးမှာလည်း ရှိမယ်။ အိမ် ထောင်စုစာရင်းလည်း အမှန်တကယ်ရှိတဲ့ ဒီလိုလူမျိုးကို ထည့်မယ်ဆိုရင် ကျွန်တော်တို့ ဖောင်းပွမှုတွေ မဖြစ်ဘဲနဲ့ မှန်မှန်ကန်ကန် တိတိကျကျဖြစ်နိုင်တဲ့အတွက် မဲစာရင်းများ ပြုစုခြင်းအပိုင်းကိုလည်း ပိုပြီးစနစ်တကျ ကောင်းအောင် ကျွန်တော်တို့ ဆောင်ရွက်ဖို့ လည်း အစီအစဉ်ရှိပါတယ်”ဟု ဦးခင်မောင် ဦးက ပြောကြားသည် ။

ဥပဒေတစ်ခုကို ဆောင်ရွက်သည့်အခါ တိကျမှု၊ မှန်ကန်မှုရှိရမည့်အပြင် လက်ရှိအ ခြေအနေများနှင့်လည်း ဆီလျော်မှုရှိရမည် ဖြစ်ပြီး ထိုသို့ ဥပဒေသ၊ မူဝါဒများကို အခြေခံ ၍ ရွေးကောက်ပွဲဥပဒေ ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်ရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင် မောင်ဦးက ပြောကြားသည်။

Most Read

Most Recent