မြန်မာနိုင်ငံသို့လာရောက်မည်ဆိုသည့် အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်ခရီးစဉ်အား တရားဝင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြား

မြန်မာနိုင်ငံသို့လာရောက်မည်ဆိုသည့် အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်ခရီးစဉ်အား တရားဝင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြား
Published 15 May 2021

မြန်မာနိုင်ငံသို့ လာရောက်မည်ဆိုသည့် အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်ခရီးစဉ်အား တရားဝင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

မေ ၁၅ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

“ခရီးစဉ်နဲ့ပတ်သက်လို့ကတော့ ယခုအချိန်အထိ တရားဝင်အကြောင်းကြားတာ မရှိသေးပါဘူး။ နောက်တစ်ခု ပြောနိုင်တာကတော့ ဒီကျွန်တော်တို့ ခရီးစဉ်နဲ့တော့ မပတ်သက်ပါဘူး။ နောက်အပတ်လောက်အတွင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အာဆီယံကတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့တော့ရှိပါတယ်။ ဆွေးနွေးဖို့့့့့ရှိတယ် ပြောတာပါ။ လာရောက်တာမဟုတ်ပါဘူး။ ခုနကပြောတဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး တရားဝင် အကြောင်းကြားတာမရှိပါဘူး။ ကျွန်တော်တို့အာဆီယံခေါင်းဆောင်အသီးသီးရဲ့အကြံပြုချက်တွေရှိပါတယ်။ အာဆီယံခေါင်းဆောင်အသီးသီးက အာဆီယံနိုင်င့ံခေါင်းဆောင်များ အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်အသီးသီးရဲ့ ဆွေးနွေးအကြံပြုချက်များကို ကျွန်တော်တို့ပြန်လည်ဆွေးနွေးပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြန်လည်ဆွေးနွေးပြီးထုတ်ပြန်ခဲ့တဲ့ အချက်သုံးချက် ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအချက်သုံးချက်ပေါ်မှာပဲ ရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

အဆိုပါအချက်သုံးချက်မှာ  အာဆီယံက ပေးအပ်ခဲ့သည့်အကြံဉာဏ်များအပေါ် အပြုသဘောဆောင်ပြီး  ကောင်းမွန်သည့်အချက်ဖြစ်သည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် ပြည်တွင်းလတ်တလောဖြစ်ပွားနေသော အခြေအနေများနှင့်ဆက်စပ်ပြီး အလေးပေးထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း၊ အာဆီယံက အဆိုပြုသည့်  မြန်မာနိုင်ငံကိုလာရောက်မည့်ခရီးစဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရရှိရေး ဦးစားပေး ဆောင်ရွက်နေရသည့်အတွက် ပြည်တွင်းတည်ငြိမ်မှုအပေါ် မူတည်ပြီးမှသာ ခရီးစဉ်များကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်ငါးရပ် အကောင်အထည်ဖော်ရေးတွင် အာဆီယံမှ အပြုသဘော ပါဝင်ကူညီပံ့ပိုးလိုမှုနှင့် ပတ်သက်ပြီး အာဆီယံပဋိဉာဉ်၊ အာဆီယံနည်းလမ်း၊ အာဆီယံစိတ်ဓာတ်တို့အပေါ် အခြေခံပါက နိုင်ငံကောင်းကျိုးအတွက် စဉ်းစားဆောင်ရွက်ပေးမည်ဟူ၍ ဖြစ်သည်။

 

“ဒီအချက်သုံးချက် ပေါ်မူတည်ပြီးပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံများအနေနဲ့ ကျွန်တော်ယခင်ပြောသလို အာဆီယံနိုင်ငံများဆိုတာ ကျွန်တော်တို့မိသားစုဖြစ်ပါတယ်။ ကျွန်တော်တိုိိိိိ့ အသိုက်အဝန်းဖြစ်ပါတယ်။ ဒီမိသားစု ဒီအသိုက်အဝန်းကို ကျွန်တော်တို့အနေနဲ့ လေးစားတန်ဖိုးထားပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်များ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ဧပြီ ၂၄ ရက်က ပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် နေ့ချင်းပြန်သွားရောက်၍ တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် သဘောတူညီချက် ငါးချက် ရရှိခဲ့ကြောင်း အာဆီယံက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent