၂၆ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ဧပြီ ၁ ရက်အစား မေ ၁ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းကြောင့် ၂၇ ကြိမ်နှင့် ၂၈ ကြိမ်မြောက် အောင်ဘာလေသိန်းဆု ဖွင့်ပွဲများကို ဇွန် ၁ ရက်နှင့် ဇူလိုင် ၁ ရက်တို့တွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်

ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအား မေ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအား မေ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 12 May 2021
မျိုးထွန်း

၂၆ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ဧပြီ ၁ ရက်အစား မေ ၁ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းကြောင့် ၂၇ ကြိမ်နှင့် ၂၈ ကြိမ်မြောက် အောင်ဘာလေသိန်းဆု ဖွင့်ပွဲများကို ဇွန် ၁ ရက်နှင့် ဇူလိုင် ၁ ရက်တို့တွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း မေ ၁၂ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် ထီလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ လက်ပွေ့၊ တွန်းလှည်းဖြင့် ထီရောင်းချသူများ စီးပွားရေးအခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ထီရောင်းချရက် ပိုမိုရရှိစေရန်နှင့် ပြည်သူများအနေဖြင့် အခက်အခဲမရှိ ထီထိုးကံစမ်းမှုများ ဆောင်ရွက်နိုင်ရန် ၂၆ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ထီလက်မှတ်များတွင် ဖော်ပြထားသော ဧပြီ ၁ ရက်အစား မေ ၁ ရက်တွင် ပြောင်းလဲ ဖွင့်လှစ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ ၂၇ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ထီလက်မှတ်များတွင် ဖော်ပြထားသော မေ ၁ ရက်အစား ဇွန် ၁ ရက်တွင် လည်းကောင်း ၊ ၂၈ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲကို ထီလက်မှတ်များတွင် ဖော်ပြထားသော ဇွန် ၁ ရက်အစား ဇူလိုင် ၁ ရက်တွင် လည်းကောင်း အသီးသီးပြောင်းလဲ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

 မေ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် ၂၆ ကြိမ်မြောက် အောင်ဘာလေသိန်းဆု ဖွင့်ပွဲတွင် အထူးဆုကြီးစနစ်၌ ကျပ်သိန်း တစ်သောင်းခွဲနှင့် ကျပ်သိန်း တစ်သောင်းဆုများ မပါဝင်ဘဲ ကျပ်သိန်း ငါးထောင် တစ်ဆုနှင့် ကျပ်သိန်း တစ်ထောင် တစ်ဆုသာပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင်းလည်း ယခင်ထက် ဆုမဲအရေအတွက် လျော့နည်းသွားကြောင်း သိရသည်။

Most Read

Most Recent