■ ယခုရာသီတွင် ဂိုး (၃၀)အထက်သွင်းယူနိုင်ရန် ဘရူနိုဖာနန်ဒက်စ် မျှော်လင့်

■ ယခုရာသီတွင် ဂိုး (၃၀)အထက်သွင်းယူနိုင်ရန် ဘရူနိုဖာနန်ဒက်စ် မျှော်လင့်
Published 4 May 2021

မန်ယူအသင်း၏ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်သည် ယခုရာသီ၌ ပြိုင်ပွဲစုံ ဂိုး(၃၀)အထက်သွင်းယူနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။ 

ဘရူနိုဖာနန်ဒက်စ်သည် ယခင်ကလပ် စပို့တင်းလစ္စဘွန်းအသင်းတွင်ကစားစဉ်က ၂၀၁၈-၁၉ ဘောလုံးရာသီ၌ ပြိုင်ပွဲစုံ (၅၃)ပွဲကစားပြီး (၃၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။ 

သို့ဖြစ်ရာ ယခုရာသီတွင် စပို့တင်းလစ္စဘွန်းအသင်းမှ သူ၏ဂိုးသွင်းစံချိန်ကို ထပ်မံချိုးဖျက်ရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဘရူနိုဖာနန်ဒက်စ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၅၃) ပွဲကစားရာ၌ (၂၆)ဂိုး သွင်းယူပေးထားနိုင်သူဖြစ်ပြီး အသင်းရှိကစားသမားများထဲတွင် ဂိုးအ များဆုံးသွင်းယူထားသူအဖြစ် မှတ်တမ်းဝင်နေသည်။ 

ဖာနန်ဒက်စ်သည် မန်ယူအသင်းသို့ ၂၀၂၀ ဇန်နဝါရီ၌ရောက်ရှိလာပြီး ပြီးခဲ့သည့်ရာသီက အသင်း၌ ရာသီဝက်ကစားရာတွင် ပြိုင်ပွဲစုံ(၁၂)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

Most Read

Most Recent