မန္တလေးမြို့ ရဲမွန်တောင်ရပ်ကွက်တွင် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၉ ရက်က ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဧပြီ ၂၉ ရက်၊ နံနက် ၁၁ နာရီ ၂၈ မိနစ် အချိန်ခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ အကွက်အမှတ် (၁၀)၊ ၃၉-E လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ ပေ ၂၀ x ၁၆ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည် လူနေအိမ်အတွင်းရှိသည့် ရေခဲသေတ္တာသည် အပူလွန်ကဲကာ အနီးရှိ ထရံမှတစ်ဆင့် မီးကူးစက်ကာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်ကာ သန္ဓေတပ်ဖွဲ့ဝင် ၄၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ ၊ စုစုပေါင်း ၁၀၀ ၊ မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ငါးစီး၊ အုပ်ချုပ်မှုယာဉ် သုံးစီး၊ စုစုပေါင်း ၁၈ စီး၊ ရေဂါလန် ၅၀၀၀ ဂါလန်ခန့်ဖြင့် ဝိုင်းဝန်းငြိှမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၇ မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး မီးလုံးဝ ငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ပေ ၂၀ x ၁၆ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည် တစ်လုံးနှင့် ရေခဲသေတ္တာ တစ်လုံး မီးလောင် ဆုံးရှုံှုံးခဲ့ကြောင်း ဆက်လက် သတင်းရရှိသည်။
မီးလောင်မှုနှင့် ပတ်သက်ပြီး အမှတ် (၉) ရဲစခန်းမှ ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။















