လိဂ်ဖလားဗိုလ်လုပွဲ၌ ဟာရီကိန်းပါဝင်နိုင်ရန် ယာယီနည်းပြ ရိုင်ယန်မေဆင် မျှော်လင့်

လိဂ်ဖလားဗိုလ်လုပွဲ၌ ဟာရီကိန်းပါဝင်နိုင်ရန် ယာယီနည်းပြ ရိုင်ယန်မေဆင် မျှော်လင့်
Photo: Getty Images
Photo: Getty Images
Published 24 April 2021

 

စပါးအသင်း၏ ယာယီနည်းပြ ရိုင်ယန်မေဆင်သည်  မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် လိဂ်ဖလားဗိုလ်လုပွဲ၌ တိုက်စစ်မှူး ဟာရီကိန်း ပါဝင်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။  

ဟာရီကိန်းသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ဆောက်သမ်တန်နှင့်ပွဲကို လွဲချော်ခဲ့ရသော်လည်း မန်စီးတီးနှင့် ယှဉ်ပြိုင်ရမည့် လိဂ်ဖလားဗိုလ်လုပွဲတွင် ပါဝင်နိုင် ဖွယ်ရှိကြောင်း သိရသည်။ 

ရိုင်ယန်မေဆင်က "ဟာရီကိန်း ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်။ သူက ကွင်းထဲမှာ ဘာမဆို စွမ်းဆောင်နိုင်တဲ့သူဆိုတာ ကျွန်တော်တို့ သိထားပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent