Ring မဂ္ဂဇင်းမှ နောက်ဆုံးထုတ်ပြန်သည့် ဟဲဗီးဝိတ်တန်းအဆင့်သတ်မှတ်ချက်တွင် တိုင်ဆန်ဖျူရီ နံပါတ်(၁)နေရာရရှိ

Ring မဂ္ဂဇင်းမှ နောက်ဆုံးထုတ်ပြန်သည့် ဟဲဗီးဝိတ်တန်းအဆင့်သတ်မှတ်ချက်တွင် တိုင်ဆန်ဖျူရီ နံပါတ်(၁)နေရာရရှိ
Photo: Getty Images
Photo: Getty Images
Published 18 April 2021

 

လက်ဝှေ့လောကအတွင်း နာမည်ကြီးမဂ္ဂဇင်းဖြစ်သည့် Ring မှထုတ်ပြန်သော ဟဲဗီးဝိတ်တန်း လက်ဝှေ့သမားများ အဆင့်သတ်မှတ်ချက်တွင် WBC ချန်ပီယံ ဗြိတိန်လက်ဝှေ့ သမား တိုင်ဆန်ဖျူရီက တစ်နိုင်ငံတည်းသားဖြစ်သူ IFB၊ WBA (Super)၊ WBOနှင့် IBO ချန်ပီယံ အန်သိုနီဂျိုရှူအာ ကို ကျော်ဖြတ်ပြီး ထိပ်ဆုံး၌ရပ်တည်ခဲ့ကြောင်း သိရသည်။ ယင်းထုတ်ပြန်ချက်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလက တိုင်ဆန်ဖျူရီ (၇)ချီမြောက်တွင် အလဲထိုးအနိုင်ယူထားခဲ့သည့် ဒီယွန် တေးဝိုင်လ်ဒါမှာ တတိယနေရာတွင် ရှိနေခဲ့သည်။

တိုင်ဆန်ဖျူရီသည် Ring မဂ္ဂဇင်းမှထုတ်ပြန်ချက်အား WBC ချန်ပီယံရွှေခါးပတ်ရရှိစဉ်ကပုံကို ပြိုင်ဘက်လက်ဝှေ့သမား(၂)ဦး၏ပုံနှင့်တွဲကာ သူ၏ Twitter $ "I'm the boss" ဟု ရေး သားကာ တင်ရှိခဲ့ပြီး ပြိုင်ဘက် ဂျိုရှူအာကို လှောင်ပြောင်ခဲ့ ခြင်းဖြစ်သည်။ 

၎င်းတို့နှစ်ဦးသည် အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့အတွက် လာမည့်နွေရာသီတွင် တွေ့ဆုံ ထိုးသတ်ဖွယ်ရှိနေပြီး ယခုနှစ်အတွင်း လက်ဝှေ့ပွဲ(၂)ပွဲ ထိုး သတ်ရန်အတွက် နှစ်ဖက်လက်ဝှေ့သမားအကြား သဘောတူ ညီမှုရရှိပြီးဖြစ်ပြီး ကျင်းပမည့်နေရာအတွက်လည်း ညှိနှိုင်းလျက်ရှိကာ သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ဂျိုရှူအာ၏ပွဲစီစဉ်သူ အက်ဒီဟန်းက ထပ်မံအတည်ပြုခဲ့သည်။ 

ဂျိုရှူအာနှင့် တိုင်ဆန်ဖျူရီတို့အကြား ယခုနှစ်အတွင်း ထိုးသတ်မည့်(၂)ပွဲအနက် ပထမဆုံး ပွဲကို လာမည့်ဇူလိုင်လအတွင်း ထိုးသတ်သွားဖွယ်ရှိကြောင်း အစောပိုင်းကတည်းက သတင်းများ ထွက်ပေါ် ခဲ့ပြီးဖြစ်သည်။ All-British ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲတွင် အနိုင်ရသူအနေဖြင့် လွန်ခဲ့သည့်(၂၂)နှစ်ခန့်က တစ်နိုင်ငံတည်းသား လင်းနော့လူးဝစ် အငြင်းပွားဖွယ်မရှိ ချန်ပီယံဖြစ်ခဲ့ပြီး နောက် ဟဲဗီးဝိတ်လက်ဝှေ့လောကတွင် ယင်းဂုဏ်ပုဒ်ကို ထပ်မံပိုင်ဆိုင်နိုင်သည့် ပထမဆုံးလက်ဝှေ့သမားအဖြစ် မှတ်တမ်းဝင်နိုင်မည်ဖြစ်သည်။

ထို့ပြင် ယင်းဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲကို လက်ခံကျင်းပရန် ဆော်ဒီအာရေဗျ၊ ကာတာ၊ ဥဇဘက်ကစ္စတန်၊ ရု ရှား၊ အမေရိကန်နှင့် အင်္ဂလန်စသည့်နိုင်ငံများမှ ကမ်းလှမ်းမှု များရှိနေကြောင်းလည်း တိုင်ဆန်ဖျူရီက Twitter မှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။ 

လန်ဒန်မြို့တော်ဝန်ဖြစ်သူ ဆာဒစ်ခန်းကိုယ်တိုင်ကလည်း ယင်းပွဲကို လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းတွင် ပြုလုပ်ရန် စိတ်အားထက်သန်နေပြီး ပွဲစီ စဉ်သူ အက်ဒီဟန်းနှင့် ဆွေးနွေးမှုများပြုလုပ်သွားရန် အသင့် ရှိနေကြောင်း တရားဝင်ဖွင့်ဟထားသည်။ တိုင်ဆန်ဖျူရီ၏ ဖခင်ဖြစ်သူ ဂျို့ရှ်ဖျူရီကမူ COVID-19 ဗိုင်းရပ်စ်ကပ်ဘေး ကြောင့် ဖျက်သိမ်းရမည့်အခြေအနေရှိသည်ဟု အံ့အားသင့်ဖွယ်သုံးသပ်ထားခဲ့သည်။

Most Read

Most Recent