■ ဂရန်နာဒါနှင့်ပွဲမှ မန်ချက်စတာယူနိုက်တက်အသင်း၏ မှတ်တမ်းမှတ်ရာများ

■ ဂရန်နာဒါနှင့်ပွဲမှ မန်ချက်စတာယူနိုက်တက်အသင်း၏ မှတ်တမ်းမှတ်ရာများ
Photos : UEFA Europa League Facebook
Photos : UEFA Europa League Facebook
Published 16 April 2021

- ဥရောပပြိုင်ပွဲ(Fairs Cup အပါအဝင်) ဆီမီးဖိုင်နယ်အဆင့်သို့ (၁၈)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး လီဗာပူးလ်(၁၉ ကြိမ်)ပြီးလျှင် အများဆုံးဖြစ်နေသည်။

- ဥရောပပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များတွင် ပေးဂိုးမရှိဘဲ (၃)ပွဲဆက်တိုက် အနိုင်ရခြင်းမှာ ၂၀၀၈ ခုနှစ် ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။



- အိုးလ်ထရက်ဖို့ဒ်၌ကစားသည့် ယူရိုပါလိဂ်အိမ်ကွင်း နောက်ဆုံး(၁၇)ပွဲဆက် ရှုံးပွဲမရှိကစားခဲ့ပြီး (၁၃)ပွဲနိုင်၊ (၄)ပွဲသရေရလဒ် ထွက်ပေါ်ထားသည်။

- ၂၀၂၁ ခုနှစ်အတွင်း ကစားထားသည့် ယူရိုပါလိဂ် (၆) ပွဲတွင် (၅) ပွဲ၌ Clean Sheet ရရှိခဲ့သည်။

- ပထမအကျော့၌ အနိုင်ကစားထားသည့် နောက်ဆုံး(၂၃)ကြိမ်တွင် နောက်တစ်ဆင့်တက်ရောက်နိုင်မှု (၂၂)ကြိမ်အထိ ရှိခဲ့သည်။

- မန်ယူကွင်းလယ်လူ ပေါ့ဘာသည် ပြိုင်ပွဲစုံ နောက်ဆုံး(၄)ပွဲတွင် (၃)ကြိမ်အထိ ဂိုးဖန်တီးပေးခဲ့ပြီး ယင်းမတိုင်မီ (၅၁)ပွဲတွင် စွမ်းဆောင်နိုင်သည့်ပမာဏနှင့် တူညီခဲ့သည်။

Most Read

Most Recent