ဘာစီလိုနာနှင့် ရီးယဲလ်တို့ ခေါ်ယူရန်စိတ်ဝင်စားနေသည့် ဘရိုင်ယန်ဂီလ်ကို ယူရိုသန်း(၁၀၀)အထက် လျော်ကြေးစာချုပ်ချုပ်ဆိုရန် ဆီဗီလာ စီစဉ်

ဘာစီလိုနာနှင့် ရီးယဲလ်တို့ ခေါ်ယူရန်စိတ်ဝင်စားနေသည့် ဘရိုင်ယန်ဂီလ်ကို ယူရိုသန်း(၁၀၀)အထက် လျော်ကြေးစာချုပ်ချုပ်ဆိုရန် ဆီဗီလာ စီစဉ်
Photo: Getty Images
Photo: Getty Images
Published 2 April 2021

ဆီဗီလာအသင်းသည် လာလီဂါထိပ်သီး ဘာစီလိုနာနှင့် ရီးယဲလ်တို့ ခေါ်ယူရန် စိတ်ဝင်စားနေသော တောင်ပံကစားသမား ဘရိုင်ယန်ဂီလ်ကို ယူရိုသန်း(၁၀၀)အထက် တန်ကြေးရှိသည့် လျော်ကြေးစာချုပ်ချုပ် ဆိုရန်စီစဉ်နေကြောင်း သိရသည်။

    

ဘရိုင်ယန်ဂီလ်(၂၀ နှစ်)သည် ဆီဗီလာအသင်းတွင် ပုံမှန်နေရာ ရယူနိုင်ခြင်းမရှိဘဲ လက်ရှိအချိန်၌ အီဘာအသင်းထံ အငှားချခံထားရသော်လည်း မတ်လအတွင်း စပိန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခြင်းခံခဲ့ရသည်။ 

ဘရိုင်ယန်ဂီလ်သည် ယခုရာသီ လာလီဂါတွင် အလားအလာရှိသည့် လူငယ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ရီးယဲလ်နှင့် ဘာစီလိုနာတို့အပါအဝင် ပရီးမီးယားလိဂ်မှ အာဆင်နယ်အသင်းကလည်း ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရသည်။ 

ထို့ကြောင့် ဆီဗီလာအသင်းသည် ၎င်းတို့၏ ကြယ်ပွင့်ကစားသမားကို အလွယ်တကူ လက်မလွှတ်ရစေရန်အတွက် လျော်ကြေး စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

    

ဆီဗီလာအသင်းသည် ဘရိုင်ယန်ဂီလ်ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ယူရိုသန်း(၅၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသည်။ 

ယခုအခါ စာချုပ်သက်တမ်းကို ၂၀၂၅ ခုနှစ်အထိ တိုးမြှင့်ရန်နှင့် လျော်ကြေးစာချုပ်ကို ယူရိုသန်း (၁၀၀)မှ သန်း(၁၅၀)အထိ တိုးမြှင့်သတ်မှတ်သွားရန် စီစဉ်နေခြင်းဖြစ်သည်။ 

ဆီဗီလာနည်းပြ လိုပယ်တယ်ဟီက လာမည့်ရာသီတွင် ဘရိုင်ယန်ဂီလ်ကို အသင်း၌ နေရာပေးရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

Most Read

Most Recent