ဟာရီကိန်း၏ အနာဂတ်နှင့်ပတ်သက်ပြီး ပြောဆိုရန် မော်ရင်ဟို ငြင်းဆန်

ဟာရီကိန်း၏ အနာဂတ်နှင့်ပတ်သက်ပြီး ပြောဆိုရန် မော်ရင်ဟို ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 2 April 2021

စပါးအသင်းနည်းပြ မော်ရင်ဟိုက အသင်းတိုက်စစ်မှူး ဟာရီကိန်း၏အနာဂတ်နှင့်ပတ်သက်ပြီး ပြောဆိုရန် ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။ 

စပါးအသင်းနှင့် ချုပ်ဆိုထားသည် ဟာရီကိန်း၏ လက်ရှိစာချုပ်မှာ ၂၀၂၄ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း သူ၏အနာဂတ်နှင့်ပတ်သက်ပြီး ယခုရာသီကုန်တွင် ဆုံးဖြတ်မည်ဟု ဟာရီကိန်းက ပြောဆိုထားသည်။ 

ထို့ကြောင့် ဟာရီကိန်း၏ အပြောင်းအရွှေ့သတင်းများမှာ ကျယ်ပြန့်စွာထွက်ပေါ်နေပြီး ၎င်းကို ခေါ်ယူရန် မန်စီးတီး၊ မန်ယူတို့ အပါအဝင် ဥရောပထိပ်တန်းကလပ်အသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

ပြီးခဲ့သည့်သောကြာနေ့က နယူးကာဆယ်နှင့်ပွဲအတွက် ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံမှုတွင် သတင်းထောက်များက စပါးအသင်းနည်းပြ မော်ရင်ဟိုကို ဟာရီကိန်း၏ အနာဂတ်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့ကြကြောင်း သိရှိရသည်။

အဆိုမေးခွန်းများကို မော်ရင်ဟိုက "ဟာရီကိန်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မီဒီယာတွေ ဖော်ပြနေတာကို ကျွန်တော် စိတ်ဝင်မစားသလို၊ အဲဒီဂိမ်းစ်ကိုလည်း ကျွန်တော် မကစားပါဘူး။ အသင်းမှာ သူ ရှိနေတာကိုပဲ ကျွန်တော် စိတ်ဝင်စားပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းမှာ ဟာရီကိန်းရဲ့ အကောင်းဆုံးစွမ်းဆောင်မှုတွေကို လိုချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် မော်ရင်ဟိုက လာမည့်တနင်္ဂနွေနေ့တွင် ကစားမည့် နယူးကာဆယ်နှင့်ပွဲတွင် အသင်းတိုက်စစ်ကစားသမား ဆွန်ဟောင်မင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent