စပါးအသင်းအတွက် ခြေစွမ်းပြကစားနေသည့် တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်ကို ဘိုင်ယန်မြူးနစ်အသင်း ပစ်မှတ်ထား

စပါးအသင်းအတွက် ခြေစွမ်းပြကစားနေသည့် တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်ကို ဘိုင်ယန်မြူးနစ်အသင်း ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 1 April 2021

ဘိုင်ယန်မြူးနစ်အသင်းသည် စပါးအသင်းအတွက်ခြေစွမ်းပြကစားနေသည့် တောင်ကိုရီးယားကြယ်ပွင့်ကစားသမား ဆွန်ဟောင်မင်အား တစ်ပတ်လုပ်ခပေါင် (၂)သိန်းပေးပြီး ခေါ်ယူရန် ပစ်မှတ်ထားလာခဲ့ကြောင်း သိရှိရသည်။

ဆွန်ဟောင်မင်သည် ယခုရာသီတွင် စပါးအသင်းအတွက် သွင်းဂိုး (၁၈)ဂိုးနှင့် ဂိုးဖန်တီးမှု (၁၆)ကြိမ်ပြုလုပ်ထားသူဖြစ်ပြီး စပါးအသင်းက စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုများကိုလည်း ရပ်ဆိုင်းထားသူဖြစ်သည်။

စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ဆွန်ဟောင်မင်၏ အနာဂတ်နှင့်ပတ်သက်ပြီး အသင်းတွင်ဆက်ရှိလိမ့်မည်ဟု ယုံကြည်နေသော်လည်း ဆွန်ဟောင်မင်၏ အေးဂျင့်ကမူ (၂၀၂၀) အောက်တိုဘာလကတည်းက စပါးအသင်းနှင့် ဆွေးနွေးခြင်းမပြု သေးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ဘိုင်ယန်မြူးနစ်အသင်းက ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဆွန်ဟောင်မင်အား (၅)နှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စဉ်းစားထားပြီး လစာငွေကိုလည်း စပါးအသင်းက ပေးချေရန် ကမ်းလှမ်းထားသည့်အတိုင်း တစ်ပတ်လုပ်ခပေါင် (၂)သိန်းအထိပေးချေသွားရန် အသင့်ရှိနေသည်ဟု Football Insider က ဖော်ပြခဲ့သည်။

အသက် (၂၈)နှစ် အရွယ်ရှိပြီဖြစ်သည့် ဆွန်ဟောင်မင်သည် စပါးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးရန် (၂)နှစ်ကျန်ရှိနေသေးသူဖြစ်ပြီး စပါးအသင်းကမူ ၎င်းအား (၃)နှစ်သက်တမ်းတိုးရန်သာ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မော်ရင်ဟိုကလည်း "ဆွန်က ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်မမှားဘူးဆိုရင် သူ့စာချုပ်က (၃)နှစ်တောင် ကျန်ပါသေးတယ်" ဟုဆိုခဲ့သည်။

Most Read

Most Recent