ဗယ်လာဒိုလစ်တွင် ရော်နယ်လ်ဒို ကာလရှည်ရှိမည်မဟုတ်

ဗယ်လာဒိုလစ်တွင် ရော်နယ်လ်ဒို ကာလရှည်ရှိမည်မဟုတ်
Photo: Valladolid FC
Photo: Valladolid FC
Published 1 April 2021

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုက မိမိအနေဖြင့် ဗယ်လာဒိုလစ်အသင်းပိုင်ရှင်အဖြစ် ကာလရှည်ရှိမည်မဟုတ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ရော်နယ်လ်ဒိုသည် ၂၀၁၈ စက်တင်ဘာတွင် ဗယ်လာဒိုလစ်အသင်း၏  ရှယ်ယာ (၅၁)ရာခိုင်နှုန်းကို ယူရိုသန်း(၃၀)ဖြင့် ဝယ်ယူခဲ့ပြီး အသင်းပိုင်ရှင်ဖြစ်လာခဲ့သည်။

ရော်နယ်လ်ဒိုက ''ဗယ်လာဒိုလစ်အသင်းမှာ ကျွန်တော် ထာဝရရှိနေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ လုပ်ချင်တာတွေ ရှိပါသေးတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဘာမှ မပြောနိုင်သေးပါဘူး။ လက်ရှိမှာ အသင်းပိုကောင်းလာအောင် ကျွန်တော် လုပ်ချင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent